ကမ်းခြေကာကွယ်ရေးတပ်
From Wikipedia, the free encyclopedia
ကမ်းခြေကာကွယ်ရေးတပ်မှာ ဖွဲ့စည်းပုံအားဖြင့် ရေတပ်ကဲ့သို့ဖြစ်၍ အချို့တိုင်းပြည်များ၌ ဥပဒေနှင့် မညီသော လူဝင်လူထွက်ကိစ္စ၊ ကူးသန်းရောင်းဝယ်မှုများ စသည်တို့ကို ဖမ်းဆီးရန် ဘေးဒုက္ခတွေ့ကြုံရတတ်သောလှေ၊ သင်္ဘောများကို ကယ်ဆယ်ရန်နှင့် ပင်လယ်၌ တွေ့ကြုံရတတ်သော လေမုန်တိုင်းအချက်ပြသတိပေးရန် စသော အလုပ်တာဝန်များကို ဆောင်ရွက်ရလေသည်။