ကိုလိုနီခေတ် အုပ်ချုပ်ခဲ့သော မဟာမင်းကြီးများနှင့် ဘုရင်ခံများ
စာရင်းနှင့်ဆိုင်သော ဝီကီပီးဒီးယားဆောင်းပါး / From Wikipedia, the free encyclopedia
ဒုတိယအင်္ဂလိပ်မြန်မာစစ်အပြီးတွင် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံ၏နယ်မြေများကို ရရှိပြီးနောက် ထိုနယ်မြေများကို အုပ်ချုပ်ရန် ဘုရင်ခံများကို ခန့်အပ်ခဲ့သည်။
အချက်တိုများ မြန်မာပြည် ၏ ဘုရင်ခံ, ပုံစံ ...
မြန်မာပြည် ၏ ဘုရင်ခံ | |
---|---|
ဘုရင်ခံ၏အလံ (၁၉၃၉–၁၉၄၈) | |
အကြာဆုံးတာဝန်ထမ်းဆောင်ခဲ့သူ ဆာ စပင်ဆာ ဟာကုတ် ဘတ္တလာ ၂၈ အောက်တိုဘာ ၁၉၁၅ – ၂၂ စက်တင်ဘာ ၁၉၁၇ ၁၂ ဒီဇင်ဘာ ၁၉၂၂–၂၀ ဒီဇင်ဘာ ၁၉၂၇ | |
ပုံစံ | His Excellency |
စံအိမ် | ဘုရင်ခံအိမ်တော်၊ ရန်ကုန်မြို့ |
ခန့်အပ်သူ | ဗြိတိသျှဘုရင် |
ဖွဲ့စည်းခြင်း | ၃၁ ဇန်နဝါရီ ၁၈၆၂ |
ပထမဆုံး ထမ်းဆောင်သူ | ဆာ အာသာ ဖယ်ယာ |
နောက်ဆုံး ထမ်းဆောင်သူ | ဆာ ဟူးဘတ် အဲလ်ဗင် ရန့်စ် |
ဖျက်သိမ်းခြင်း | ၄ ဇန်နဝါရီ ၁၉၄၈ |
ဆက်ခံခြင်း | မြန်မာနိုင်ငံ၏ သမ္မတ |
ပိတ်ရန်
မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့သောအခါတွင် မြန်မာနိုင်ငံကို အိန္ဒိယပြည်၏ ပြည်နယ်အဖြစ်ထားရှိခဲ့သည်။ နောက်ပိုင်းမှသာ မြန်မာနိုင်ငံကို သီးခြားကိုလိုနီအဖြစ်ထားရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလတွင် ဂျပန်တို့မှသိမ်းပိုက်ခဲ့သောအခါ မြန်မာနိုင်ငံကို ဂျပန်စစ်တပ်မှအုပ်ချုပ်ခဲ့သည်။ ဂျပန်တို့အားတိုက်ထုတ်ပြီးနောက် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား ဆက်လက်အုပ်ချုပ်ခဲ့သည်။