ကြံ့သူတော်
From Wikipedia, the free encyclopedia
ကြံ့သူတော်သည် အရွယ်အစားကြီးမားသော အသီးအရွက်စားသတ္တဝါ ဖြစ်သည်။ ဝက်နှင့် ပုံပန်းသဏ္ဌာန်ချင်း ဆင်တူ သည်။ တိုပြီး လှုပ်ယိမ်းနိုင်သော နှာတံ ရှိသည်။ ကြံ့သူတော်ကို တရရှူးဟုလည်း ခေါ်ကြသည်။ ကြံ့သူတော်များကို တောင်အမေရိကတိုက်၊ ဗဟိုအမေရိကနှင့် အရှေ့တောင်အာရှတို့ရှိ သစ်တောများနှင့် တောအုပ်များတွင် တွေ့ရလေသည်။ မျိုးစိတ်ငါးမျိုး ရှိပြီး အားလုံးသည် တာပီရီဒေးမျိုးရင်းတွင် ပါဝင်လေသည်။ ယင်းတို့မှာ ဘရာဇီးကြံ့သူတော်၊ မလေးကြံ့သူတော်၊ ဗဟိုအမေရိကကြံ့သူတော်၊ ကာဘိုမာနီကြံ့သူတော်နှင့် တောင်ကြံ့သူတော်တို့ ဖြစ်သည်။ ကြံ့သူတော်များ၏ အနီးစပ်ဆုံးဆွေမျိုးများမှာ ခွာမစုံသောစားမြုံ့ပြန်နို့တိုက်သတ္တဝါများဖြစ်ပြီး မြင်း၊ မြည်း၊ မြင်းကျားနှင့် ကြံ့များ ဖြစ်သည်။
ဤကြံ့သူတော် တိရစ္ဆာန်သည် သီးခြားကိုယ်ပိုင်မျိုးရင်းမှဖြစ်သည်။ ကြံ့မျိုးရင်းဝင်မဟုတ်ပါ။ |
အချက်တိုများ ကြံ့သူတော်, မျိုးရိုးခွဲခြားခြင်း ...
ကြံ့သူတော် | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | |
မျိုးစဉ်: | Perissodactyla |
မျိုးရင်း: | Tapiridae |
မျိုးစု: | Tapirus |
ဒွိနာမ | |
Tapirus indicus | |
ပိတ်ရန်
အချက်တိုများ မျိုးရိုးခွဲခြားခြင်း, Genera ...
ကြံ့သူတော် | |
---|---|
South American tapir | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Perissodactyla |
Superfamily: | Tapiroidea |
မျိုးရင်း: | Tapiridae Brünnich, 1772 |
Genera | |
|
ပိတ်ရန်