ခေါင်းအုံး
ခေါင်းခုစရာ အခံကူရှင် / From Wikipedia, the free encyclopedia
ခေါင်းအုံး ကို အိပ်စက်ရာတွင် အသုံးပြုကြသည်။ ထို့ပြင် လဲလျောင်းရာတွင်လည်းကောင်း၊ ထိုင်ရာတွင်လည်းကောင်း ဦးခေါင်း၊ လည်ပင်း နှင့် အခြားအသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို သက်သာစေရန် အသုံးပြုကြသည်။ ခေါင်းအုံးများကို အလှဆင်ရာတွင်လည်း အသုံးပြုကြသည်။ အိပ်ရာများ၊ ဆိုဖာထိုင်ခံများ၊ ကုလားထိုင်များ စသည့် ဆိုဖာခုံကူရှင်များတွင် အသုံးပြုကြသည်။[1][2]
မျက်မှောက်ခေတ်ကာလ ခေါင်းအုံးများတွင် ခေါင်းအုံးစွပ်များကို အသုံးပြုလာကြသည်။ အခြားသောနေရာများတွင် ခေါင်းအုံးများကို သစ်သား သို့မဟုတ် ကျောက်တုံးများ ဖြင့် ပြုလုပ်ကြသည်။ အိပ်ခန်းရှိ ခေါင်းအုံးများသည် အဝတ်စဖြင့် ပြုလုပ်ထားသည့် အစွပ်များဖြင့် စွပ်ထားကြသည်။ ဧည့်ခန်းများတွင်လည်း ခေါင်းအုံးများကို အသုံးပြုကြသည်။