ဂါတာဘွဲ့တံဆိပ်
From Wikipedia, the free encyclopedia
၁၃၄၈ခုနှစ် အင်္ဂလန်ဘုရင်အက်ဒွပ် ၃ လက်ထက် တွင် စတင်ပေးအပ်ခဲ့သည့် အထင်ရှားဆုံး သူကောင်းဘွဲ့တံဆိပ်တော်ဖြစ်၍ ဗြိတိသျှသူကောင်းဘွဲ့စနစ်များတွင် သက်တမ်းရင့်သောဘွဲ့တံဆိပ်တစ်ခုလည်းဖြစ်သည်။ ဝိတိုရိယဘုရင်မ၏ "သူရစွမ်းရည် လက်ဝါးကပ်တိုင်တံဆိပ်" နှင့် ဂျော့ဘုရင်၏ "သူရစွမ်းရည် လက်ဝါးကပ်တိုင်တံဆိပ်" တို့ကသာ ဂါတာဘွဲ့ထက် ပို၍ သက်တမ်းကြာသည်။ အင်္ဂလန်နိုင်ငံကို စောင့်ရှောက်ပေးသည်ဟု ယုံကြည်ခြင်ူခံရသော သူတော်စင် ဂျော့ဂျ်၏ အဆောင်အယောင်အမှတ်အသား၊ ပုံရိပ်တို့ကို ကိုယ်စားပြုသည်။