ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်များ
From Wikipedia, the free encyclopedia
နိုဘယ်ဆု ၅ ဆုအတွင်း ၁ ဆု အပါအဝင်ဖြစ်သည့် နိုဘယ် ငြိမ်းချမ်းရေးဆုကို နော်ဝေးနိုင်ငံ နိုဘယ်ဆု ကော်မတီအဖွဲ့မှ ‘ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးသူ၊ လက်နက်ကိုင် အဖွဲ့အစည်းများ လျော့နည်းရေး သို့မဟုတ် ပပျောက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်သူ’ အား ချီးမြှင့်ပေးသည်။[1]အခြား နိုဘယ်ဆုများမှာ ဓာတုဗေဒ၊ ရူပဗေဒ၊ ဆေးပညာနှင့် စာပေတို့ ဖြစ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိသူ အမျိုးသမီး ၁၂ ဦးရှိပြီဖြစ်ပြီး အခြား နိုဘယ်ဆုများထက် အမျိုးသမီးဦးရေပိုများသည်။ [2] ၂၀၁၀ ခုနှစ်အထိ ငြိမ်းချမ်းရေး နိုဘယ်ဆုကို လူပုဂ္ဂိုလ် ၉၈ ဦးနှင့် အဖွဲ့အစည်း ၂၀ ကို ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ ကြားကာလအတွင်း နိုဘယ်ဆုမပေးသည်မှာလည်း ၁၉ ကြိမ်ရှိခဲ့ဖူးသည်။