စက္ကဝါက်
From Wikipedia, the free encyclopedia
စက္ကဝါက် (အင်္ဂလိပ်: Shelduck[1]) သည် ဟင်္သာမျိုးနွယ်ဝင်[2] (ဘဲ)ငှက်များအားလုံးကို ခြုံငုံ၍ သုံးနှုန်းသော အမည်နာမဖြစ်သည်။ ပါဏဗေဒအလိုအရ အန်နာတီဒီး (Anatidae) မျိုးရင်း၊ တဒ္ဒေါနီနီး (Tadorninae) မျိုးရင်းခွဲမှ ဇီဝဗေဒဆိုင်ရာ မျိုးရင်းတူ (ဘဲ)ငှက်များအစုအဖွဲ့ဖြစ်သည်။ မျိုးစုဝင် ငှက်အများစုသည် ကြီးမားသော ဘဲနှင့် ဘဲငန်း ကဲ့သို့ ပုံသဏ္ဌာန်ရှိကာ ဟင်္သာ၊ တောဘဲနှင့် အလားတူငှက်များ မျိုးစဉ်- "အန်စာရီဖောမီး (Anseriformes)" အတွင်း ပါဝင်ကြသည်။
စက္ကဝါက် Shelduck | |
---|---|
စက္ကဝါက်ငှက် | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Anseriformes |
မျိုးရင်း: | Anatidae |
မျိုးရင်းသေး: | Tadorninae |
မျိုးစု: | Tadorna F. Boie, 1822 |
အမျိုးအစား မျိုးစိတ် | |
စက္ကဝါက် "(Annas tadorna)" လင်းနီးယပ်၊ ၁၇၅၈ | |
မျိုးစိတ် | |
T. ferruginea | |
Synonyms | |
စာ၌ ရှုပါ |
စက္ကဝါက် ဟူသည့် ဝေါဟာရသည် ပါဠိစကား "စက္ကဝါက"မှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ တောင်ပေါက်ဓာန်တွင် "၎င်းစက္ကဝါက်ငှက် ဟူသည် မြစ်နား၊ ကမ်းနား၌ အဖိုအမနှစ်ကောင်တွဲ၍ နေတတ်သော....ငှက်မျိုးပင်တည်း" ဟူ၍လည်းကောင်း၊ ယင်း တောင်ပေါက်ဓာန် အနက်ဖွင့်ဆိုမှုအပေါ် မှီငြမ်း၍လည်း မြန်မာဝစ်ရှင်နရီ၌ "အဖိုအမနှစ်ကောင်တွဲ၍နေတတ်သော ရေဘဲတစ်မျိုး" ဟူ၍လည်းကောင်း၊ ကြောင်းတူသံကွဲဖော်ပြချက်တွင် "ဟင်္သာ" ဟူ၍လည်းကောင်း အနက်ဖွင့်ဆိုထားသည်။[2]
ထို့အပြင် ပါဏဗေဒအလိုအရ ၎င်းမျိုးတူငှက်အားလုံးသည်"Tardona" ဟူသော မျိုးစုထဲတွင်ပါဝင်ကြသောကြောင့် စက္ကဝါက် သည် ယင်းငှက်များအားလုံးကို ခေါ်ဆိုနိုင်သော အမည်ဖြစ်သည်။[2]