တရုတ်တစ်ပြည်ပေါ်လစီ
တရုတ်တစ်နိုင်ငံသာရှိသည်ဟူသောပေါ်လစီ / From Wikipedia, the free encyclopedia
တရုတ်တစ်ပြည်ပေါ်လစီ (အင်္ဂလိပ်: One China policy) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) နှင့် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) ဟူသောနှစ်နိုင်ငံအနက် တရုတ်တစ်နိုင်ငံကိုသာ အသိအမှတ်ပြုရန်ချမှတ်ထားသော ပေါ်လစီတစ်ခုဖြစ်သည်။ နိုင်ငံအများစုသည် ထိုပေါ်လစီကို ကျင့်သုံးကြသော်လည်း သဘောထားများ ကွဲလွဲကြသည်။ ပီအာစီသည် ပြောဆိုဆက်ဆံရာ၌ "တရုတ်တစ်ပြည်ထောင်စည်းမျဉ်း" (One China principle) ဟူ၍ခေါ်ဆိုသည်။[1][2]
အချက်တိုများ ရိုးရာ တရုတ်, ရိုးရှင်းသော တရုတ် ...
One-China policy | |||||||||||
တရုတ်တစ်ပြည်ပေါ်လစီပြမြေပုံ
ပီအာစီကိုသာ အသိမှတ်ပြုသောနိုင်ငံများ
ပီအာစီကို အသိအမှတ်ပြုသော်လည်း အာအိုစီနှင့်ဆက်ဆံရေးရှိသော နိုင်ငံများ
အာအိုစီကိုသာ အသိမှတ်ပြုသောနိုင်ငံများ
အဆိုတင်သွင်းမှုမရှိသေး | |||||||||||
ရိုးရာ တရုတ် | 一個中國政策 | ||||||||||
---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 一个中国政策 | ||||||||||
| |||||||||||
One China principle | |||||||||||
ရိုးရာ တရုတ် | 一個中國原則 | ||||||||||
ရိုးရှင်းသော တရုတ် | 一个中国原则 | ||||||||||
|
ပိတ်ရန်
ထိုပေါ်လစီသည် "၁၉၉၂ နားလည်မှု" (1992 consensus) မှ တရုတ်ပြည်မနှင့် ထိုင်ဝမ်ကျွန်းတို့ကိုအုပ်ချုပ်သော တရုတ်နိုင်ငံသည် တစ်နိုင်ငံတည်းသာရှိသည် ဟူသောအချက်ကို အခြေခံသည်။ သို့သော် ထိုသို့အုပ်ချုပ်သော တရားဝင်အစိုးရမှာမူ မည်သည့်အစိုးရဖြစ်သည်ကို နှစ်ဖက်လုံးမှ အငြင်ပွားလျက်ရှိကြသည်။