တရုတ်နိုင်ငံတကာအသံလွှင့်ဌာန
တရုတ်နိုင်ငံ၏ နိုင်ငံတကာထုတ်လွှင့်သော အသံလွှင်ဌာန / From Wikipedia, the free encyclopedia
တရုတ် နိုင်ငံတကာ အသံလွှင့်ဌာန (CRI) သည် တရုတ်နိုင်ငံ ၏ အစိုးရပိုင် နိုင်ငံတကာ အသံလွှင့်ဌာန ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမြို့ ၌ ရုံးစိုက်သည်။ တရုတ်နိုင်ငံတကာ အသံလွှင့်ဌာန သည် ၁၉၄၁ခုနှစ်တွင် ပီကင်း အသံလွှင့်ဌာန အဖြစ် စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် ဘေဂျင်း အသံလွှင့်ဌာန အဖြစ် အမည်ပြောင်းလဲခဲ့သည်။ စီအာအိုင် သည် နိုင်ငံရပ်ခြားသတင်းဌာန ၃၂ ခုနှင့် ဒေသတွင်းသတင်းဗျူရို ၆ ခုရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့်နည်းပညာ အကြောင်းအရာများ အပါအဝင် နေ့စဉ် နာရီပေါင်း ၂,၇၀၀ ကျော်ထုတ်လွှင့်နေသည်။ (အင်္ဂလိပ်ဘာသာဖြင့် ၂၄ နာရီ) ကမ္ဘာတစ်ဝန်းသို့ ရေဒီယိုလှိုင်တိုနှုန်း ၅၀ ကျော် အသုံးပြု၍ ဘာသာစကားပေါင် ၆၅ မျိုးကို ထုတ်လွှင့်နေသည်။ ထို့ပြင် အင်တာနက်နှင့်ဂြိုဟ်တုများစွာမှတစ်ဆင့်ထုတ်လွှင့်နေသည်။ ၎င်း၏အစီအစဉ်များကို ကမ္ဘာတစ်ဝန်းရှိ ပြည်တွင်း AM နှင့် FM ရေဒီယို များမှ ထပ်ဆင့် ပြန်လည်ထုတ်လွှင့်သည်များ လည်း ရှိသည်။
နိုင်ငံ | တရုတ် |
---|---|
ပထမဆုံး ထုတ်လွှင့်သည့်ရက် | ၃ ဒီဇင်ဘာလ ၁၉၄၁ ခုနှစ် |
ဌာနချုပ် | ဘေဂျင်းမြို့, တရုတ်နိုင်ငံ |
ထုတ်လွှင့်သည့် ဧရိယာ | ကမ္ဘာတစ်ဝန်း |
ပိုင်ဆိုင်သူ | တရုတ် မီဒီယာ အဖွဲ့အစည်း (တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ) |
စတင်ထုတ်လွှင့်သည့်ရက် | ၁၈ ဧပြီ ၁၉၇၈ (၁၉၇၈-၀၄-၁၈) |
ယခင်အမည်များ |
|
Callsigns | တရုတ် အသံ (external) |
တရားဝင် ဝက်ဘ်ဆိုဒ် | cri.cn |
တရုတ်နိုင်ငံတကာအသံလွှင့်ဌာန | |||||||||||||||
ရိုးရှင်းသော တရုတ် | 中国国际 广播电台 | ||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရာ တရုတ် | 中國國際 廣播電台 | ||||||||||||||
|