တောင်ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီ
အိန္ဒိယရှိ ဇုန်နယ်ကောင်စီ / From Wikipedia, the free encyclopedia
တောင်ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီ (အင်္ဂလိပ်: Southern Zonal Council) သည် အိန္ဒိယနိုင်ငံ၏ ဇုန်နယ်ဆိုင်ရာ ကောင်စီတစ်ခု ဖြစ်သည်။ အန်ဒရာဒေသပြည်နယ်၊ ကာနာတာကာပြည်နယ်၊ ကီရာလာပြည်နယ်၊ လက်ခ်ရှားဝိလ်၊ ပူဒူချယ်ရီ၊ တမီးနာဒူပြည်နယ် နှင့် တယ်လန်ဂါနာပြည်နယ် တို့ဖြင့် ဖွဲ့စည်းထားသည်။[1][2]
ပြည်နယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ အိန္ဒိယနိုင်ငံ၏ ပြည်နယ်များကို ဇုန်ကြီး ခြောက်ခုအဖြစ် အုပ်စုဖွဲ့ထားသည်။ ဇုန်နယ်ဆိုင်ရာ ကောင်စီ ငါးခုကို ၁၉၅၆ ပြည်နယ်များ ပြန်လည်စီမံရေး အက်ဥပဒေ အပိုင်း ၃ အရ ဖွဲ့စည်းခဲ့သည်။[3][1][2]
ကပ္ပလီကျွန်းနှင့် နီကိုဘားကျွန်းများ၊ လက်ခ်ရှားဝိလ် တို့သည် မည်သည့် ဇုန်နယ်ဆိုင်ရာကောင်စီအဖွဲ့တွင်မှ မပါဝင်သော်လည်း[4] ယင်းတို့ကို တောင်ပိုင်း ဇုန်နယ်ဆိုင်ရာ ကောင်စီတွင် ပါဝင်ရန် အထူး ဖိတ်ခေါ်ခြင်း ခံရသည်။[5]