ဒူရှန်ဘဲမြို့
တာဂျစ်ကစ္စတန်နိုင်ငံ၏ မြို့တော် / From Wikipedia, the free encyclopedia
ဒူရှန်ဘဲမြို့(တာဂျစ်: Душанбе, IPA: [duʃæmˈbe]; ပါရှားဘာသာစကားအရ တနင်္လာနေ့ဟု အဓိပ္ပာယ်ရ[2][3][4][5], ရုရှား: Душанбе, tr. Dushanbe)သည် တာဂျစ်ကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့နှင့် မြို့တော်ဖြစ်သည်။ ဤသို့ အမည်နာမခေါ်ဆိုကြခြင်းမှာ တနင်္လာနေ့အား ဈေးနေ့အဖြစ် စည်ကားလေ့ရှိသော ရွာကလေးမှ တဖြည်းဖြည်း ကြီးမားလာခဲ့သော မြို့ဖြစ်သောကြောင့် ဖြစ်သည်။ ၂၀၁၆ ခုနှစ်အရောက်တွင်တော့ ဒူရှန်ဘဲမြို့၌ လူဦးရေ ၈၀၂,၇၀၀ ဦး ရှိ၍နေပြီ ဖြစ်သည်။
ဒူရှန်ဘဲမြို့ Душанбe Душанбе Дюшамбе (Dyushambe, ၁၉၂၄–၂၉), Сталинабад (Stalinabad, ၁၉၂၉–၆၀) | ||
---|---|---|
Dushanbe | ||
| ||
Location of Dushanbe in Tajikistan | ||
ကိုဩဒိနိတ်: 38°32′12″N 68°46′48″E | ||
နိုင်ငံ | တာဂျစ်ကစ္စတန် | |
အစိုးရ | ||
• မြို့တော်ဝန် | Rustam Emomali | |
ဧရိယာ | ||
• မြို့ပြ | ၁၂၄.၆ စတုရန်းကီလိုမီတာ (၄၈.၁ စတုရန်းမိုင်) | |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၇၀၆ မီတာ (၂၃၁၆ ပေ) | |
လူဦးရေ (2014) | ||
• မြို့ | ၇၇၈,၅၀၀ | |
• သိပ်သည်းမှု | ၆၂၀၀/km၂ (၁၆၀၀၀/sq mi) | |
• မြို့ပြကြီး | ၁,၀၅၁,၂၀၀ | |
အချိန်ဇုန် | တာဂျစ်ကစ္စတန် ဒေသစံတော်ချိန် (UTC+5) | |
• နွေရာသီ (DST) | တာဂျစ်ကစ္စတန် ဒေသစံတော်ချိန် (UTC+5) | |
HDI (၂၀၁၇) | 0.728[1] high | |
ဝက်ဘ်ဆိုဒ် | dushanbe.tj |
သမိုင်းတွင် ရွာငယ်လေးတစ်ရွာ ဖြစ်ခဲ့သော ဒူရှန်ဘဲသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တာဂျစ် ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ မြို့တော်အဖြစ် ၁၉၂၄ ခုနှစ်တွင် ဖြစ်၍လာခဲ့သည်။ ၁၉၂၉ ခုနှစ်မတိုင်မီအထိ ရုရှားဘာသာဖြင့် ဂျူရှမ်ဘဲ(ရုရှား: Дюшамбе, Dyushambe)ဟု ခေါ်ဆိုခဲ့ပြီး ၁၉၂၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ဂျိုးဇတ် စတာလင်အား အစွဲပြု၍ စတာလင်နာဘတ်မြို့(တာဂျစ်: Сталинобод, Stalinobod)ဟု သုံးနှုန်းခေါ်ဝေါ်ကြသည်။