နမားဇေဂျွမ်အာ
From Wikipedia, the free encyclopedia
မွတ်စလင်မ် တို့သည်အပတ်စဉ်သောကြာနေ့တိုင်း ဇိုဟ်ရ် အချိန်၌ နမာဇေဇိုဟ်ရ် အစားနမာဇေဂျွမ်အာ ကို ဖတ်ရွတ်ကြသည်။ ဤနမာဇ် သည်တစ်ဦးတစ်ယောက်တည်းဖတ်၍မရပါ ဂျမာအသ် နှင့်စုပေါင်းဝတ်ပြုရသည့် နမာဇ် ဖြစ်သည်။ ရှီအာမဇ်ဟဘ် ၏မိန့်ရပ်တွင် နမာဇေဂျွမ်အာ သည် ဝါဂျိဘ်ဘေသခ်ယီရီး ဖြစ်သည်။ ဆိုလို သည်မှာ မိုကလ်လဖှ် သည်ဂျွမ်အာနေ့၌ နမာဇေဇိုဟ်ရ် သို့မဟုတ်နမာဇေဂျွမ်အာ နှစ်ထဲမှတစ်ခုကိုရွေးချယ်ဖတ် ရွတ်ရမည် ၊ ( နှစ်ခုထဲမှတစ်ခုမှမဖတ်လျှင်မရပါ ) . သို့သော် စွန်နီ တို့က နမာဇေဂျွမ်အာ ကိုမဖတ်မနေရ ဝါဂျိဘ် ဘေအိုင်နီး အဖြစ်သတ်မှတ်ထားသည်။
နမာဇေဂျွမ်အာ သည် နှစ် ရကအသ် ရှိသည်။ မွတ်္စသဟဘ် ဖြစ်သော ကိုနူးသ် နှစ်ခုရှိပြီး ပထမ ရကအသ် ၌ ရကူ မတိုင်မီဖတ်ရွတ်ရပြီး ဒုတိယ ရကအသ် ၌ ရကူ အပြီးတွင်ဖတ်ရသည်။ နမာဇ် မတိုင်မီ ခွသ်ဗာ နှစ်ခုကို အေမာမ်မေဂျွမ်အာ ကဖတ်ရမည်မှာ ဝါဂျိဘ် ဖြစ်သည်။ နမာဇေဂျွမ်အာ ၏ဖတ်ရွတ်ပုံ အစဉ်လိုက်မှာ - သက်္ကဗီရသွလ်အဲဟ်ရာမ် - ဟမ်ဒ် - စူရာ - ကိုနူးသ် - ရကူ - စဂျ်ဒါ နှစ်ခု ~ ဟမ်ဒ် - စူရာ - ရကူ - ကိုနူးသ် - စဂျ်ဒါ နှစ်ခု - သရှ်ဟွဒ် နှင့် စလာမ် တို့ဖြစ်သည်။
ဂျွမ်အာ ဆိုသည့်အမည်ဖြင့်ခေါ်ဝေါ်မှုမပြုခင်အရင်က အန်ဆွာရ် တို့ကထိုနေ့ကို ( ယောင်မွလ်အရူဗာ ) ဟုခေါ်
ဆိုခဲ့ကြသည်။ တမန်တော်မြတ်ကြီး(ဆွ) ၏ ဟိဂျ်ရသ် ခရီးတွင် (တမန်တော်(ဆွ) ၏မြို့) သို့မဟုတ် (မဒီနသွန်
နဗီ) သို့မရောက်မီ ယပ်္စရိဗ် ဆိုသည့်နေရာတွင်စတင်ခေါ်ဝေါ်ခဲ့သည်။ ကဗာ ဆိုသည့်နေရာတွင်တစ်ထောင့်နား
ချိန် အလီယိဗ်နေအဗီသွာလိဗ်(အစ) နှင့် မွတ်စလင်မ် အချို့လည်းရောက်ရှိလာခဲ့၏။
တမန်တော်မြတ်(ဆွ) သည် ကဗာ ဆိုသည့်နေရာသို့ တနင်္လာနေ့တွင်ရောက်ရှိခဲ့သည် ၊ ကြာသပတေးနေ့အ
ထိ၎င်း ကဗီလာ ရှိလူများနှင့် နမားဇ် ဖတ်ခဲ့ပြီး ၎င်းတို့နှင့်အတူ အစ္စလာမ့် ပထမဆုံး မပ်္စဂျိဒ် ကိုတည်ဆောက်
ခဲ့သည်။ ထို့နောက် ဂျွမ်အာ နေ့တွင် မဒီနာ ဘက်သို့ခရီးဆက်ခဲ့ပြီး ရာနူနာ ဆိုသည့်နေရာ၌ မဒီနာ လူထုနှင့်အ
တူပထမဆုံး နမားဇေဂျွမ်အာ ကိုဖတ်ရွတ်ခဲ့သည်။
ထို့နောက် ကိုယ်တော်မြတ်(ဆွ) သည် ကဗာ ဆိုသည့်နေရာသို့ပြန်လာပြီး အလီ(အစ) ၊ ဖှာသွေမာဇဲဟ်ရာ နှင့်
မိမိ၏နောက်လိုက်အချို့အားစောင့်ကြိုနေခဲ့သည်။ ထိုအချိန်မှစပြီး တမန်တော်မြတ် (ဆွ) သည်မိမိဘဝနောက်
ဆုံးအချိန်အထိ နမားဇေဂျွမ်အာ ကို မွတ်စလင်မ် တို့၏အပတ်စဉ်ဝတ်ပြုခြင်းအနေနှင့်ဖတ်ရွတ်ခဲ့သည်။