ပြဒါး သာမိုမီတာ
From Wikipedia, the free encyclopedia
ပြဒါး သာမိုမီတာ (အင်္ဂလိပ်: mercury-in-glass or mercury thermomete) ကို ၁၇၁၄ တွင် အမ်စတာဒမ်မြို့တွင် ရူပဗေဒပညာရှင် ဒန်ညယ် ဂါဘရီး ဖားရင်ဟိုက်က တီထွင်ခဲ့သည်။ အဝကျဉ်းဖန်ပြွန်ကို ပြဒါးပါဝင်သော ဖန်လုံး(ဖု) တစ်ခုတွဲဆက်၍ တပ်ဆင်ထားသည်။ ပြဒါး၏ ထုထည်သည် ဖန်လုံးအတွင်းပိုင်းထုထည်ထက် အလွန်နည်း၏ ။ ပြဒါးထုထည်မှာ အပူချိန်အလိုက် အနည်းငယ်ပြောင်းလဲသည်။ ဆိုလိုသည်မှာ ထုထည်အနည်းငယ်ပြောင်းရုံမျှဖြင့် အဝကျဉ်းဖန်ပြွန်ဘက်၌ သိသိသာသာ ပြောင်းလဲသွားသည်။ ပြဒါး၏အထက်တွင် နိုက်ထရိုဂျင်ဓာတ်ငွေ့ ဖြည့်သွင်းခြင်း (သို့) တပိုင်းလေဟာနယ် (လေထုဖိအားထက်နည်းစေရန်) ပြုလုပ်ထားသည်။
သာမိုမီတာကို အပူချိန်အမှတ်အသားများ ပြုလုပ်ရန် ရေ/ရေခဲ ရောနှောမှုကဲ့သို့ စံအပူချိန်တစ်ခုနှင့်အတူ အပူမျှခြေတစ်ခု ရရှိရန် ဖန်လုံးကို ထိုအခြေနေသို့ ရောက်အောင် ဆောင်ရွက်ထားရသည်။ ထို့နောက် ရေ/ခိုးငွေ့ စံအပူချိန်ဖြင့် ဖန်လုံးအခြေအနေကို ဖန်တီးရသည်။ ဖန်ပြွန်ကို အစွန်းနှစ်ဖက်ကြား တူညီ ညီမျှသော အပိုင်းများရရှိစေရန် ပိုင်းကန့်သည်။ အခြေခံသဘောအားဖြင့် သာမိုမီတာများကို မတူညီသော ပါဝင်အသုံးပြုပစ္စည်းအမျိုးမျိုးဖြင့် ပြုလုပ်ကြ၍ ဥပမာအနေဖြင့် အရောင်ပါ အယ်လ်ကိုဟော သာမိုမီတာသည် ပါဝင်အရည်၏ ပြန့်ကားနိုင်စွမ်းကြောင့် မတူညီသော တိုင်းတာမှုဖတ်ရှုခြင်းကို ပေးနိုင်သည်ဟု ထင်မြင်ယူဆနိုင်သည်။ လက်တွေ့၌ အသုံးပြုအရည်တို့သည် မျဉ်းဖြောင့် ပြန့်ကားမှု (တသမတ် ပြန့်ကားမှု) ဂုဏ်သတ္တိများရှိသောကြောင့် စစ်မှန်သော သာမိုဒိုင်းနမစ် အပူချိန်၏ လုပ်ဆောင်ခြင်းအစွမ်းရှိ၍ ဆင်တူသော ရလဒ်များကို ပေးနိုင်လေသည်။
ပြဒါး (၁၇၁၄) နှင့် ဖာရင်ဟိုက် စကေး (၁၇၂၄) ကို ဖန်ပြွန်သာမိုမီတာများအတွက် အသုံးပြုခြင်းသည် သာမိုမီတာနယ်ပယ်တွင် တိကျသေချာသော ခေတ်တစ်ခေတ်ကို အစပျိုးပေးနိုင်ခဲ့လေသည်။ ၁၉၆၆ မှစ၍ ယနေ့ခေတ်ထိတိုင် အတိကျဆုံး ရနိုင်သမျှသော သာမိုမီတာများအနက် တစ်ခုအပါအဝင် ဖြစ်သည်ဟု ယူဆကြ၏ ။[1]