ပွေး(ရောဂါ)
From Wikipedia, the free encyclopedia
ပွေး(dermatophytosis or ringworm) သည် နို့တိုက်သတ္တဝါများ၏ အရေအပြားပေါ်တွင် မှိုကြောင့်ဖြစ်သည့် ယားနာတစ်မျိုးဖြစ်သည်။ အထူးသဖြင့် လူ၊ အိမ်မွေး တိရစ္ဆာန်များဖြစ်သော သိုး၊ ကြောင်နှင့် အခြားနို့တိုက်သတ္တဝါများတွင် ဖြစ်ပွားသည်။ ထိုရောဂါကို ကမ္ဘာ့လူဦးရေ ၂၀ ရာခိုင်နှုန်းခန့်တွင် ဖြစ်ပွားနေပြီး အထူးသဖြင့် ချွေးထွက်များသော လူများနှင့် အားကစားသမားများတွင် တွေ့ရလေသည်။