ဘစ်တာကန်ကြီး
From Wikipedia, the free encyclopedia
ဘစ်တာကန်ကြီး သည် အီဂျစ်နိုင်ငံတွင် တည်ရှိသည့် ဆားကန်ကြီးတစ်ခု ဖြစ်ည်။ ၎င်းကန်သည် ဆူးအက်တူးမြောင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၁၈၆၉ ခုနှစ် တူးမြောင်းမဖောက်လုပ်မီ ဘစ်တာကန်သည် ခြောက်သွေ့နေသည့် ဆားကန်တစ်ခု ဖြစ်သည်။[1][2] ရှေးခေတ်ပိရမစ်စာများတွင် ဘစ်တာကန်ကြီးအကြောင်းကို ရေးသားထားကြသည်များ ရှိသည်။ တူးမြောင်းသည် ကန်ကြီးကို Mediterranean ပင်လယ် နှင့် ပင်လယ်နီ စသည့်ပင်လယ်တို့နှင့် ချိတ်ဆက်ပေးထားသည်။ ထို့အပြင် ဤတူးမြောင်းသည် ဘစ်တာကန်ကြီးကို ဘစ်တာကန်ငယ်နှင့်လည်း ချိတ်ဆက်ပေးထားသည်။[3]
အချက်တိုများ ဘစ်တာကန်ကြီး البحيرة المرة الكبرى, တည်နေရာ ...
ဘစ်တာကန်ကြီး البحيرة المرة الكبرى | |
---|---|
The Great Bitter Lake from Orbit (north is left) | |
တည်နေရာ | ဆူးအက် တူးမြောင်း |
ကိုဩဒိနိတ် | 30°20′N 32°23′E |
ရေအိုင်အမျိုးအစား | ဆားရေကန် |
ပင်မ ရေဝင်စီးကြောင်း | Suez Canal |
ပင်မ ရေထွက်စီးကြောင်း | Suez Canal |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Egypt |
ပထမဆုံး ရေလွှမ်းမိုးမှု | ၁၈၆၉ (၁၈၆၉) |
အကျယ်ဆုံး အလျား | ၂၄ km (၁၅ mi) |
အကျယ်ဆုံး အနံ | ၁၃ km (၈.၁ mi) |
မျက်နှာပြင် ဧရိယာ | ၁၉၄ km2 (၇၅ sq mi) |
ပျမ်းမျှအနက် | ၁၈ m (၅၉ ft) |
အနက်ဆုံး အနက်အရှိုင်း | ၂၈ m (၉၂ ft) |
ဆားဓါတ်ပါဝင်မှု | 41‰ |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၀ m (၀ ft) |
အနီးရှိမြို့များ | Fayed Abou Sultan |
ပိတ်ရန်
ဆူးအက်တူးမြောင်းကို ဖြတ်သန်းမောင်းနှင်ကြသည့် သင်္ဘောများတို့သည် ဘစ်တာကန်ကြီးကို "ဖြတ်သန်းရသည့်လမ်းကြောင်းတစ်ခု" အဖြစ် အသုံးပြုကြရသသည်။[1] ထိုနေရာတွင် သင်္ဘောများသည် အခြားသင်္ဘောများကို ဖြတ်ကျော်ခြင်း သို့မဟုတ် ကွေ့ဝိုက်ခြင်းများ လုပ်ကြရသည်။