ဘလူးဂါ ဝေလငါး
ဝေလငါးမျိုးစိတ် / From Wikipedia, the free encyclopedia
ဘလူးဂါ ဝေလငါး (Delphinapterus leucas) သည် အာတိတ်ဒေသတွင် နေထိုင်ကျက်စားသော စီတက်ဆီယာတမျိုးဖြစ်သည်။ ယင်းသည် Delphinapterus မျိုးစု၏ တခုတည်းသော အဖွဲ့ဝင်ဖြစ်ပြီး မျိုးရင်း Monodontidae တွင် narwhal ဆိုသော ဝေလငါးတမျိုးနှင့် အဖွဲ့ဝင်အတူတူဖြစ်သည်။ ဘလူးဂါ ဝေလငါး၏ တမူထူးခြားသော အဖြူရောင်ကြောင့် ဝေလငါးဖြူ ဟုလည်း လူသိများကြသည်။
Beluga whale[1] Temporal range: Quaternary–Recent | |
---|---|
At City of Arts and Sciences, Spain | |
ပျမ်းမျှလူသားတယောက်နှင့် အရွယ်အစား နှိုင်းယှဉ်ထားပုံ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
Infraorder: | Cetacea |
မျိုးရင်း: | Monodontidae |
မျိုးရင်းသေး: | Delphinapterinae |
မျိုးစု: | Delphinapterus Lacépède, 1804 |
မျိုးစိတ်: | D. leucas |
ဒွိနာမ | |
Delphinapterus leucas (Pallas, 1776) | |
Beluga range |
ဘလူးဂါ ဝေလငါးသည် အခြားသော စီတက်ဆီယာများနှင့် ခန္ဓာဗေဒနှင့် ဇီဝကမ္မဆိုင်ရာ သွင်ပြင်လက္ခာအရ ကွဲပြားပြီး အာတိတ်ဒေသတွင် လိုက်လျောညီထွေ ကျင်လည်ကျက်စားတတ်သည်။ ထူးခြားချက်များထဲတွင် တကိုယ်လုံး အဖြူရောင်ဖြစ်ခြင်းနှင့် ကျောတောင်ပံ (dorsal fin) မပါရှိခြင်းဖြစ်သည်။ ယင်းကဲ့သို့ ကျောတောင်ပံ မပါရှိခြင်းသည် ဘလူးဂါ ဝေလငါးများကို ရေခဲအောက်တွင် အလွယ်တကူ ကူးခတ်သွားလာနိုင်စေလေသည်။[4] ဘလူးဂါ ဝေလငါး၏ အရွယ်အစားသည် လင်းပိုင်နှင့် ဝေလငါးတို့ကြား၌ ရှိသည်။ အထီးသည် အရှည် ၅.၅ m (၁၈ ft) နှင့် အလေးချိန် ၁,၆၀၀ kg (၃,၅၃၀ lb) အထိ ကြီးထွားသည်။ ဘလူးဂါ ဝေလငါး၏ အကြားအာရုံသည် အလွန်ကောင်းပြီး ပဲတင်ထပ်သံကိုအသုံးပြု၍ ရေခဲချပ်ပြားကြားရှိ လေရှူစရာ အခေါင်းပေါက်များကို ရှာဖွေစေနိုင်သည်။ ပျမ်းမျှ အကောင် ၁၀ ခန့် အုပ်စုဖွဲ့နေတတ်ပြီး နွေရာသီတွင် အကောင် ၁၀၀ နှင့် ထောင်ချီသည့်အထိလည်း အုပ်စုဖွဲ့တတ်ကြသည်။ အများစုသည် အာတိတ် သမုဒ္ဒရာနှင့် ပင်လယ်များ၌ နေထိုင်ကြပြီး တကမ္ဘာလုံးရှိ အကောင်ရေမှာ ၂၀၀,၀၀၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။[5][6] ရေကူးရာတွင် နှေးကွေးကြသော်လည်း ၇၀၀ m (၂,၃၀၀ ft) အထိ ရေအောက်သို့ ဆင်းနိုင်သည်။
ဘလူးဂါ ဝေလငါးကို မြောက်အမေရိက၊ ဥရောပနှင့် အာရှရှိ ငါးပြတိုက်များ၊ လင်းပိုင်လှောင်ကန်များတွင် အများဆုံး လှောင်ပိတ်ခံရသည့် စီတက်ဆီယမ်များအဖြစ် မြင်တွေ့ရသည်။ ဘလူးဂါ ဝေလငါးများ၏ ပြုံးရွှင်သောမျက်နှာပုံစံနှင့် ဆက်သွယ်သော အလေ့အထများကြောင့် နှစ်လိုဖွယ်ကောင်းသော တိရစ္ဆာန်ဟု ယူဆကြသည်။[7][8]