ဘောရစ် ဂျွန်ဆင်
From Wikipedia, the free encyclopedia
အလက်ဇန္ဒား ဘောရစ် ဒီ ဖက်ဖာ ဂျွန်ဆင်(အင်္ဂလိပ်: Alexander Boris de Pfeffel Johnson) (/ˈfɛfəl/;[7] ၁၉၆၄၊ ဇွန် ၁၉ တွင်မွေးဖွား)သည် ဗြိတိသျှနိုင်ငံရေးသမား၊ စာရေးဆရာနှင့် သတင်းစာဆရာဟောင်းတစ်ဦးဖြစ်သည်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ်နှင့်ကွန်ဆာဗေးတစ်ပါတီ[မှတ်စု 1]ခေါင်းဆောင်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေ၏။ ၂၀၀၈ မှ ၂၀၁၆ထိလန်ဒန်မြို့တော်ဝန်အဖြစ်လည်းကောင်း၊ ၂၀၁၆ မှ ၂၀၁၈ ဓနသဟာယနိုင်ငံများရေးရာနှင့် နိုင်ငံခြားရေးရာ အတွင်းရေးမှူး (တစ်နည်း : နိုင်ငံခြားရေးဝန်ကြီး)အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့၏။ ဂျွန်ဆင်သည် ၂၀၀၁ မှ ၂၀၀၈ ခုနှစ်တွင် ဟန်လေဒေသ (Henley) အတွက်ပါလီမန်အမတ်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှစ၍ လက်ရှိအချိန်ထိUxbridge နှင့် South Ruislip ဒေသတို့အတွက် ပါလီမန်အမတ်အဖြစ်ထမ်းဆောင်နေသည်။ နိုင်ငံရေးအတွေးအခေါ်အားဖြင့် ဘောရစ် ဂျွန်ဆင်ကို နိုင်ငံလုံးဆိုင်ရာကွန်ဆာဗေးတစ်ဝါဒသမား (သို့) နိုင်ငံလုံးဆိုင်ရာအမျိုးသားဝါဒ( one-nation conservative) အဖြစ်ခွဲခြားဖော်ပြကြသည်။
The Right Honourable ဘောရစ် ဂျွန်ဆင် | |
---|---|
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် 24 July 2019 | |
ဧကရာဇ် | ဒုတိယမြောက် အဲလိဇဘက် |
First Secretary of State | Dominic Raab |
ယခင်လူ | ထရီဇာ မေ |
ကွန်ဆာဗေးတစ်ပါတီ (ယူကေ) ခေါင်းဆောင် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် 23 July 2019 | |
ယခင်လူ | ထရီဇာ မေ |
ဓနသဟာယနိုင်ငံများအဖွဲ့ရုံး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် 24 July 2019 | |
အကြီးအကဲ | ဒုတိယမြောက် အဲလိဇဘက် |
ယခင်လူ | ထရီဇာ မေ |
နိုင်ငံခြားရေးရာ နှင့် ဓနသဟာယနိုင်ငံများရေးရာရုံး | |
တာဝန်သက်တမ်း 13 July 2016 – 9 July 2018 | |
ဝန်ကြီးချုပ် | ထရီဇာ မေ |
ယခင်လူ | Philip Hammond] |
ဆက်ခံသူ | Jeremy Hunt |
လန်ဒန်မြို့တော်ဝင် | |
တာဝန်သက်တမ်း 4 May 2008 – 9 May 2016 | |
ဒုတိယမြို့တော်ဝင် |
|
ယခင်လူ | Ken Livingstone |
ဆက်ခံသူ | Sadiq Khan |
လွှတ်တော်အဖွဲ့ဝင် for Uxbridge and South Ruislip (UK Parliament constituency) | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် 7 May 2015 | |
ယခင်လူ | John Randall |
အနိုင်ရမဲ အရေအတွက် | 7,210 (15.0%)[1] |
လွှတ်တော်အဖွဲ့ဝင် for Henley (UK Parliament constituency) | |
တာဝန်သက်တမ်း 7 June 2001 – 4 June 2008 | |
ယခင်လူ | Michael Heseltine |
ဆက်ခံသူ | John Howell |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | အလက်ဇန်းဒါး ဘောရစ် ဒီ ဖက်ဖာ ဂျွန်ဆင် (1964-06-19) ၁၉ ဇွန်၊ ၁၉၆၄ (အသက် ၅၉) နယူးယောက်မြို့ |
နိုင်ငံသား |
|
နိုင်ငံရေးပါတီ | ကွန်ဆာဗေးတစ်ပါတီ |
ကြင်ဖော်(များ) | Allegra Mostyn-Owen (လက်ထပ် 1987; ကွာရှင်း 1993)Marina Wheeler (လက်ထပ် 1993; sep.[3] 2018) |
လက်တွဲဖော် | Carrie Symonds (2018–present)[4] |
သားသမီး | At least 5[5][6] |
မိဘ |
|
ဆွေမျိုးသားချင်း |
|
နေထိုင်ရာ | အိမ်အမှတ်(၁၀)ဒေါင်းနင်းလမ်း |
ပညာရေး | Eton College |
မိခင်ကျောင်း | Balliol College, အောက်စ်ဖိုဒ် တက္ကသိုလ် |
လက်မှတ် | |
ဝက်ဘ်ဆိုဒ် | Commons website |
ဂျွန်ဆင်အား နယူးယောက်မြို့ တွင်အထက်တန်းလူလတ်တန်းစား ဗြိတိသျှမိဘများမှမွေးဖွားခဲ့ပြီး အက်တန်ကောလိပ်(Eton College)၊ ထို့နောက် အောက်စ်ဖို့ဒ်ရှိ ဘောလီယိုကောလိပ်(Balliol College) တွင် ၌ပညာသင်ခဲ့သည်။ ဘောလီယိုကောလိပ်၌ ကောလိပ်အဆင့်ဂန္ထဝင်စာဖတ်ခြင်း(Literae Humaniores)လေ့လာခဲ့ကာ ၁၉၈၆၌ အောက်စ်ဖို့ဒ်သမဂ္ဂဥက္ကဋ္ဌ(President of the Oxford Union) အဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
လုပ်ငန်းစလုပ်ကိုင်သည်မှာ တိုမ်းစ် (The Times) သတင်းစာတိုက်တွင်ဖြစ်ပြီး ကိုးကားချက်တစ်ခုကို လိမ်လည်မှုပြုလုပ်ခဲ့သည့်အတွက်ရာထူးမှထုတ်ပယ်ခြင်းခံရသည်။ ထို့နောက် ဒေးလီး တယ်လီဂရပ်ဖ် (The Daily Telegraph) တွင် ဘရပ်ဆဲလ်သတင်းထောက်အဖြစ်လုပ်ကိုင်ရင်း ၎င်း၏သတင်းဆောင်းပါးများသည် ဗြိတိန်အခွင့်အရေးအရ ဥရောပအပေါ် ယုံကြည်မှုမရှိသော ရပ်တည်ချက်ကို ပိုမိုကြီးထွားစေရန် ဩဇာသက်ရောက်စေခဲ့သည်။ ၁၉၉၄ မှ ၁၉၉၉ အထိလက်ထောက်အယ်ဒီတာအဖြစ်ရာထူးတိုးပေးခဲ့ပြီး ၁၉၉၉ မှ ၂၀၀၅ထိ The Spectator မဂ္ဂဇင်းကိုတည်းဖြတ်ရသည်။ ၂၀၀၁ တွင် ဟန်လေဒေသအတွက် လွှတ်တော်အမတ်အရွေးခံရပြီး မိုက်ကယ်ဟိုးဝပ်ဒ်( Michael Howard) နှင့် ဒေးဗစ် ကင်မရွန်း (David Cameron) ဦးဆောင်သော ကွန်ဆာဗေးတစ်ပါတီတွင် အတိုက်အခံအစိုးရအဖွဲ့၏ အငယ်တန်းဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပြီး အများအားဖြင့် ပါတီ၏ကျောရိုးစည်းမျဉ်းများကို လက်ခံလိုက်နာပြီး ပါလီမန်မဲပေးရာတွင် လိင်တူ/ကွဲအခွင့်အရေး (LGBT)များအတွက် 'ဆိုရှယ်လစ်ဘရယ်လ်' [မှတ်စု 2]ဝါဒကိုကျင့်သုံးသည်။ ဗြိတိသျှအောက်လွှတ်တော်၌ လွှတ်တော်အမတ်အဖြစ်နုတ်ထွက်၍ ၂၀၀၈တွင် လန်ဒန်မြို့တော်ဝန်အဖြစ်အရွေးခံရကာ ၂၀၁၂တွင်လည်း မြို့တော်ဝန်ထပ်မံ အရွေးခံရ၏။ ၂၀၁၂ လန်ဒန် နွေရာသီ အိုလံပစ် ပြိုင်ပွဲကို တာဝန်ယူကာကျင်းပပေးခဲ့ကာ ဘတ်စ်ကားသစ်များမိတ်ဆက်ခြင်း၊ စတန်ဒါစက်ဘီးငှားရမ်းခြင်းအစီအစဉ်(Santander Cycles)၊ သိမ်းစ်မြစ်ကိုဖြတ်သန်းသည့် မိုးပျံရွေ့လျားကား(Thames cable car)၊ လန်ဒန်မြို့ပြည်သူ့ပို့ဆောင်ရေးများစွာတွင် အရက်သေစာသောက်သုံးမှု တားမြစ်ခြင်းစသည်တို့ကိုလည်း မိတ်ဆက်ပြထမ်းခဲ့သည်။
၂၀၁၅ ခုနှစ်တွင်ဂျွန်ဆင်သည် Uxbridge နှင့် South Ruislip တို့တွင်အမတ်အဖြစ်ရွေးချယ်ခံရပြီးနောက်တစ်နှစ်တွင်မြို့တော်ဝန်ရာထူးမှနုတ်ထွက်လိုက်သည်။ ၂၀၁၆ ခုနှစ်တွင်သူသည် Brexit (ယူကေနိုင်ငံ ဥရောပယူနီယံမှခွဲထွက်ရေး) အတွက် Vote Leave (ခွဲထွက်ရေး မဲဆွယ်စည်းရုံးလှုပ်ရှားမှု)တွင်ထင်ရှားသောပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
ထို့နောက်သူသည် ဝန်ကြီးချုပ်ထရီဇာ မေ (Theresa May) လက်အောက်ရှိ နိုင်ငံခြားရေးနှင့်ဓနသဟာယရေးရာ ဝန်ကြီးဌာနအတွင်းဝင်(ဝန်ကြီး) အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ နှစ်နှစ်အကြာ၌ ယူကေ ဥရောပယူနီယံမှခွဲထွက်ရေးအစီအမံ နှင့် အစိုးရ၏စက္ကူဖြူအစီအစဉ် (သို့) (Chequers Agreement])သဘောတူညီချက်အပေါ် ဝန်ကြီးချုပ်မေ၏ ကိုင်တွယ်ချဉ်းကပ်မှုကိုဝေဖန်ခဲ့ကာ ထိုဝန်ကြီးနေရာမှနုတ်ထွက်ခဲ့၏။ ၂၀၁၉ ဝန်ကြီးချုပ်မေနုတ်ထွက်အပြီး ဘောရစ်ကို ကွန်ဆာဗေးတစ်ခေါင်းဆောင်အဖြစ်ရွေးကောက်တင်မြှောက်ကြသည်။ ၂၀၁၉ ဩဂုတ်လတွင် ဂျွန်ဆင်သည်ပါလီမန်အားစက်တင်ဘာ ၁၀ ရက်မှအောက်တိုဘာ ၁၄ ရက်အထိ ရွှေ့ဆိုင်းရန် ဘုရင်မအဲလစ်ဇဘက် (၂ )အားအငြင်းပွားဖွယ်ကောင်းသော အကြံပေးခဲ့သည်။ စက်တင်ဘာ ၂၄ ရက်နေ့တွင်ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံ၏အမြင့်ဆုံးတရားရုံးချုပ်မှ တညီတညွတ်တည်းတရားမဝင်ဟုဆုံးဖြတ်ခဲ့ပြီး အကျိုးသက်ရောက်မှုတော့မရှိခဲ့ပါ။ ထို့နောက် ၂၀၁၉ ဒီဇင်ဘာအထွေထွေရွေးကောက်ပွဲ (ရှောင်တခင် အထွေထွေရွေးကောက်ပွဲဟုလည်းခေါ်ဝေါ်သည်။)၌ ၁၉၈၇မှ စ၍ ကွန်ဆာဗေးတစ်ပါတီ၏ အကြီးကျယ်ဆုံးအောင်မြင်မှုအဖြစ် ဂျွန်ဆင်မှာ အနိုင်ရခဲ့ကာ ၁၉၇၉ကတည်းက မည်သည့်ပါတီမဆိုရရှိသော မဲအရေအတွက်ရာခိုင်နှုန်းကို အများဆုံးရခဲ့သည်။ အချိန်ဇယားအရ ၂၀၂၀ ဇန်နဝါရီ ၃၁ အချိန်တွင် ဥရောပယူနီယံမှ (European Union) မှ ဂျွန်ဆင်၏ စေ့စပ်ထားရှိသော နုတ်ထွက်မှုသဘောတူညီချက်မူများ(Brexit withdrawal agreement)အောက်တွင် ထွက်ခွာရန်ဖြစ်သည်။
ဂျွန်ဆင်သည် ဗြိတိသျှနိုင်ငံရေး နှင့် သတင်းမီဒီယာလောကတွင် အငြင်းပွားဖွယ်သူတစ်ဦးဖြစ်၏။ မူလကွန်ဆာဗေးတစ်ပါတီထောက်ခံအားပေးသူများကိုပါ ကျော်လွန်၍ ဖြန့်ကျက်နိုင်သော ဆွဲဆောင်နိုင်မှုအရည်အသွေးတစ်ရပ်နှင့်အတူ ဖျော်ဖြေနိုင်သော၊ ဟာသဆန်သော၊ လူကြိုက်များသော ပုံရပ်ရှင်အဖြစ် ၎င်းကို ထောက်ခံအားပေးသူများက ချီးကြူးထောပနာပြုကြသည်။ အပြန်အလှန်အားဖြင့်လည်း ၎င်းကို မနှစ်မြို့ဝေဖန်သူများက မရိုးသားသော၊ အထက်တန်းဆန်သော၊ ကရိုနီဆန်သော၊ ရိုင်းပြသောစကားလုံးများကို သုံးဆွဲသူ အဖြစ် စွပ်စွဲကြလေသည်။ ဂျွန်ဆင်မှာ အတ္ထုပ္ပတ္တိတချို့ နှင့် စိတ်ကူးယဉ်ဆန်သော ဖော်ကြူးမှုများ၏ အကြောင်းအရာလည်းဖြစ်နေပေသည်။