မစ်(ဂ်)-၂၁
၁၉၅၆ ခုနှစ် ဆိုဗီယက် တိုက်လေယာဉ် အမျိုးအစား / From Wikipedia, the free encyclopedia
မစ် - ၂၁ တိုက်လေယာဉ် (နေတိုးအခေါ် - fishbed ) သည် ရုရှ၏ Mikoyan-Gurevich ကုမ္ပဏီမှ ထုတ်လုပ်သော နာမည်ကျော် အသံထက်မြန်သည့် တိုက်လေယာဉ် ဖြစ်သည်။ စတင် ထုတ်လုပ်ချိန်မှ ယခုအချိန်အထိ ရာစုနှစ်ဝက်ကျော်တွင် ကမ္ဘာ့နိုင်ငံပေါင်း (၅၀) ကျော်၌ ပျံသန်း တာဝန်ထမ်းဆောင်လျက် ရှိကြသည်။ လေကြောင်းသမိုင်းတွင် အများဆုံး ထုတ်လုပ်ခဲ့ရသည့် အသံထက်မြန်သော တိုက်လေယာဉ် ဖြစ်သည်။ ၎င်း၏ အသံထက် (၂) ဆ ပျံသန်းနိုင်သော အမြန်နှုန်းသည် ခေတ်ပြိုင် တိုက်လေယာဉ်များထက် သာလွန်သော အချက်ပင် ဖြစ်သည်။ စီးရေပေါင်း (၁၀,၀၀၀) ကျော် ထုတ်လုပ်ပြီး ဖြစ်ကြောင်း ခန့်မှန်းကြသည်။
အချက်တိုများ MiG-21, အဆင့် ...
MiG-21 | |
---|---|
Czechoslovak Air Force MiG-21R | |
အဆင့် | တိုက်လေယာဉ် |
ထုပ်လုပ်သူ | Mikoyan-Gurevich OKB |
ဒီဇိုင်းနာ | Artem Mikoyan |
ပထမဆုံး ပျံသန်း | ၁၄ ဖေဖော်ဝါရီ ၁၉၅၆ (Ye-2) |
မိတ်ဆက် | ၁၉၅၉ (MiG-21F) |
အခြေနေ | အသုံးပြုနေဆဲ |
ပင်မ အသုံးပြုသူများ | ဆိုဗီယက်လေတပ် အိန္ဒိယလေတပ် လစ်ဗျားလေတပ် |
ထုတ်လုပ်ခဲ့ | ၁၉၅၉ (MiG-21F) မှ ၁၉၈၅ (MiG-21bis) |
တည်ဆောက် နံပါတ် | ၁၁,၄၉၆ |
အပြောင်းအလဲ | Chengdu J-7 |
ပိတ်ရန်