မိုက်ခရိုကွန်ထရိုလာ
From Wikipedia, the free encyclopedia
မိုက်ခရိုကွန်ထရိုလာ ဆိုသည်မှာကွန်ပျူတာစနစ် ကို အခြေခံသော ဒစ်ဂျစ်တယ် အီလက်ထရွန်နစ် ကွန်ထရိုလာ ဖြစ်သည်။ ကွန်ပျူတာကို အခြေခံ လော့ဂျစ်ဂိတ် များဖြင့် တည်ဆောက်ထားသည်။ဘူးလင်းဖော်ပြချက်များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် မြန်နှုန်းမြင့်တွက်ချက်ပြီး အဖြေထုတ်ပေးနိုင်သည်။ တစ်ကိုယ်ရည်သုံး ကွန်ပျူတာများသည် စီးပွားရေးလုပ်ငန်းသုံး ကိရိယာဖြစ်သကဲ့သို့ မိုက်ခရိုကွန်ထရိုလာသည်လည်း စက်မှုလုပ်ငန်းသုံး ကိရိယာတစ်ခုဖြစ်ပါ သည်။ မိုက်ခရိုကွန်ထရိုလာသည် ပြင်ပတွင် တပ်ဆင်ထားသော Detector , Sensor နှင့် Command ပေးကိရိယာတို့မှ ပေးပို့သော အချက်ပြ (signal ) များကို လက်ခံရယူပြီး ၎င်း၏ အဖြေ( output ) ကို ထုတ်ပေးပါသည်။၎င်းထုတ်ပေးလိုက်သော အဖြေ(output) များအတိုင်း ဝန်( load ) များက လိုက်နာ၍ အလုပ်လုပ်ကြရသည်။ မိုက်ခရိုကွန်ထရိုလာတွင် ပါဝင်တည်ဆောက်ထားသော အီလက်ထရွန်နစ်စနစ်သည် တစ်ကိုယ်ရည်သုံး ကွန်ပျူတာတွင် ပါဝင်သော အဓိက အီလက်ထရွန်နစ်စနစ်ဖြစ်သည်။၎င်းတို့မှာ CPU , Memory နှင့် I/O unit ကဲ့သို့ ဒစ်ဂျစ်တယ်အီလက်ထရွန်နစ် အစိတ်အပိုင်းများဖြစ်ကြသည်။Program Memory သည်chip တွင် တစ်ခါတစ်ရံ NOR flash သို့မဟုတ် OTP ROM ပုံစံပါ ရှိသည်။ ကွန်ပျူတာနှင့်ကွာခြားချက်မှာ အထက်ပါ အဓိကအီလက်ထရွန်နစ် အစိတ်အပိုင်းများအား စီလီကွန် chip ပြားငယ်တစ်ခုတည်းမှာပင် Monolithic နည်းပညာသုံး၍စုပေါင်းတည်ဆောက်ထားခြင်းဖြစ်သည်။ သို့ပါ၍ single chip microcontroller ဟု ခေါ်ဆိုကြသည်။ ကွန်ပျူတာတစ်ခု၏ စွမ်းဆောင်ရည်သည် ၎င်းကိုင်တွယ်တွက်ချက်နိုင်သော bit အနည်းအများပေါ်မူတည်ပါသည်။ အချို့သော မိုက်ခရိုကွန်ထရိုလာတို့၏ စွမ်းဆောင်နိုင် မှုသည်4 bits ကိုအသုံးပြုကြသည်။ clock rate ကြိမ်နှုန်းမှာ 4KHz ရှိသည်။ ပါဝါစားသုံးမှုမှာ မီလီဝပ် အနည်းသာ ရှိသည်။ Data information တစ်ခုကိုDigital 4 bits ဖြင့် စံနှုန်းပြု၍ တွက်ချက်ပေးနိုင်စွမ်း ရှိသည်။ ကွန်ပျူတာတွင်မူ 8 bits, 16 bits , 32 bits , 64 bits စသည့်ဖြင့် ကိုင်တွယ်ချက်နိုင်မှုစွမ်းရည် မြင့်မားကြသည်။ မိုက်ခရိုကွန်ထရိုလာကို စက်မှုယန္တယားကြီးများတွင် တပ်ဆင်ပေးခြင်းဖြင့် ၎င်းစက်ယန္တယားကြီးများလုပ်ငန်းဆောင်ရွက်မှုကို ပိုမိုစွမ်းရည် ထက်မြက်စေသည်။၎င်းပြင် အဝတ်လျှော်စက်၊အပူပေးစက်၊မိတ္တူကူးစက် နှင့် ကလေးကစားစရာစက်ရုပ်များကို အလိုအလျာက်လှုပ်ရှား နိုင်သည်။ ခေတ်မီဆက်သွယ်ရေး ကိရိယာများ မီးဘေးကာ ကွယ်ရေးစနစ်များတွင်လည်း တပ်ဆင်အသုံးပြုကြသည်။