မြန်မာနိုင်ငံ၏ သမ္မတ
မြန်မာနိုင်ငံ အစိုးရအဖွဲ့အကြီးအမှူး / From Wikipedia, the free encyclopedia
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ သည် နိုင်ငံတော် အကြီးအမှူးနှင့် အစိုးရအဖွဲ့၏ အကြီးအမှူးဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို ဦးဆောင်သူ ဖြစ်သည်။ သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးချယ်တင်မြှောက်သည်။ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ ကော်မတီ သုံးခုမှ တဆင့် သမ္မတလောင်းများကို ရွေးချယ်သည်။[6]
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ သမ္မတ | |
---|---|
အဆိုပြုသူ | ပြည်ထောင်စုလွှတ်တော် |
ခန့်အပ်သူ | သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ |
သက်တမ်း | ငါးနှစ်၊ သက်တမ်းတစ်ကြိမ် ထပ်မံထမ်းဆောင်နိုင်သည် |
စတင်ထမ်းဆောင်သူ | စဝ်ရွှေသိုက် |
ဖွဲ့စည်းခြင်း | ၄ ဇန်နဝါရီ ၁၉၄၈ |
လစာ | ကျပ်သိန်း ၅၀[5] |
ဝက်ဘ်ဆိုဒ် | president-office.gov.mm |
အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များမှ သမ္မတလောင်း တစ်ဦးစီ တင်သွင်းသည်။[6] သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ မဲပေးရွေးချယ်စေကာ မဲအများဆုံးရရှိသည့် သမ္မတလောင်းကို နိုင်ငံတော် သမ္မတအဖြစ် တင်မြှောက်ပြီး ကျန်နှစ်ဦးကို ဒုတိယ သမ္မတများ အဖြစ် ခန့်အပ်သည်။[6]
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုတွင် နိုင်ငံတော် အရေးပေါ်အခြေအနေဟု ကြေညာကာ ဦးမြင့်ဆွေကို မည်သူကမှအတည်ပြုခန့်အပ်ခြင်းမရှိဘဲ ယင်းကယာယီသမ္မတအဖြစ် တာဝန်ယူကြောင်း ကြေညာခဲ့သည်။[7]
ထို့နောက်တွင် အမျိုးသားညီညွတ်ရေး အစိုးရ ပေါ်လာကာ ယင်းက ဦးဒူဝါလရှီးလ ကို ယာယီသမ္မတ ဟု သတ်မှတ်ထားသည်။