မြေတိုင်းမှတ်
From Wikipedia, the free encyclopedia
မြေတိုင်းအမှတ်အသားများကို မြေတိုင်းမှတ်များ (survey marks)၊ မြေတိုင်းအထိမ်းအမှတ်နေရာများ (survey monuments)၊ မြေတိုင်း BM များ (survey benchmarks)၊ ပထဝီမှတ်များ (geodetic marks) ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ ၎င်းတို့ကို မြေတိုင်းရာတွင် အဓိကကျသော မြေတိုင်းမှတ်များ အဖြစ် မြေမျက်နှာပြင်ပေါ်တွင် မှတ်သား ထားရှိသည်။' ၎င်းတို့ကို ပထဝီ မြေ အနေအထား လေ့လာရေး နှင့် မြေတိုင်းလုပ်ငန်းများတွင်အသုံးပြုသည်။ [1] "benchmark" ဆိုသည့်ဝေါဟာရကို မြေမျက်နှာပြင် အနိမ့်အမြင့်ပြသောအမှတ်အသားများအတွက်သာ သီးသန့်အသုံးပြုသော်လည်း အလွတ်သဘောအနေဖြင့်ထိုကဲ့သို့သောမြေတိုင်းမှတ်များကို "benchmark" အဖြစ်ရည်ညွှန်းအသုံးပြုနေသည်။ တြိဂံဖွဲ့တိုင်းတာခြင်း (triangulation) အတွက်အသုံးပြုသောအလျားလိုက်အမှတ်အသားများကို တြိဂံဖွဲ့မှတ်များ အဖြစ်လည်းခေါ်ဝေါ်သည်။