အန်နာ ဒဲ အာမတ်စ်
ကျူးဘား-အမေရိကန်-စပိန် သရုပ်ဆောင် / From Wikipedia, the free encyclopedia
အန်နာ စီလီယာ ဒဲ အာမတ်စ် ကာဆို (စပိန်: Ana Celia de Armas Caso, စပိန်အသံထွက်: [ˈana ˈselja ðe ˈarmas ˈkaso]; ၃၀ ဧပြီ ၁၉၈၈ ဖွား) သည် ကျူးဘား နှင့် စပိန် အမျိုးသမီးသရုပ်ဆောင်ဖြစ်သည်။ ၂၀၂၂ ခုနှစ် Blonde ရုပ်ရှင်ဇာတ်ကားတွင် မာရီလင် မွန်ရိုးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ရွှေကမ္ဘာလုံးဆု နှင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ အကယ်ဒမီဆုတို့အတွက် လျာထားခြင်းခံခဲ့ရသူဖြစ်သည်။
အန်နာ ဒဲ အာမတ်စ် Ana de Armas (စပိန်) | |
---|---|
၂၀၁၈ ခုနှစ်တွင် ရိုက်ကူးထားသော ဓာတ်ပုံ | |
ဇာတိ အမည် | Ana de Armas |
မွေးဖွား | အန်နာ စီလီယာ ဒဲ အာမတ်စ် ကာဆို (စပိန်: Ana Celia de Armas Caso) (1988-04-30) ၃၀ ဧပြီ၊ ၁၉၈၈ (အသက် ၃၅) ဟာဗားနားမြို့၊ ကျူးဘားနိုင်ငံ |
နိုင်ငံသား |
|
အလုပ်အကိုင် | သရုပ်ဆောင် |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၀၆ – လက်ရှိ |
ဖန်တီးမှုများ | စာတွင်ရှု |
အိမ်ထောင်ဖက်(များ) | Marc Clotet (လက်ထပ် 2011; ကွာရှင်း 2013) |
ရရှိသည့်ဆုများ | စာတွင်ရှု |
၂၀၁၅ ခုနှစ်တွင် သူမ၏ပထမဆုံးအမေရိကန်ရုပ်ရှင်ဇာတ်ကားဖြစ်သည့် Knock Knock ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၎င်းနောက် Exposed (၂၀၁၆)၊ Hands of Stone (၂၀၁၆) နှင့် War Dogs (၂၀၁၆)တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် သူမသည် ဝေဖန်ရေးသမားများအကြား နာမည်ကျော်ကြားခဲ့သော သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည့် Blade Runner 2049 တွင် ဉာဏ်ရည်တု ဟိုလိုဂရမ် Joi အဖြစ် သရုပ်ဆောင်ခဲ့သည်။[1][2][3] ၂၀၁၉ ခုနှစ်ထွက် လျှို့ဝှက်ဆန်းကြယ်ရုပ်ရှင်ကား Knives Out တွင် သူနာပြု Marta Cabrera အဖြစ် သရုပ်ဆောင်မှုအတွက် သူမသည် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ရွှေကမ္ဘာလုံးဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သည်။ ထို့နောက်တွင် သူမသည် ၂၀၂၁ ခုနှစ်ထွက် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကားဖြစ်သည့် No Time to Die တွင် ဘွန်း မိန်းကလေး ပယ်လိုမာ အဖြစ် သရုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်ထွက် Norma Jean ၏ အတ္ထုပ္ပတ္တိရုပ်ရှင် Blonde ဇာတ်ကားတွင်လည်း သရုပ်ဆောင်ခဲ့သည်။[4][5][6] နောက်ဆုံးတွင် ဒဲ အာမတ်စ် သည် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုအတွက် အကယ်ဒမီဆုကို ရရှိခဲ့ပြီး ယင်းကဲ့သို့လုပ်ဆောင်နိုင်သည့် ပထမဆုံးကျူးဘားအမျိုးသမီးလည်းဖြစ်လာခဲ့သည်။