အိမ်တွင်းမှုလုပ်ငန်းသုံး စက်ရုပ်
From Wikipedia, the free encyclopedia
အိမ်တွင်းမှုလုပ်ငန်းသုံး စက်ရုပ်(Home Service Robot) (သို့) ဝန်ဆောင်မှုပေးသော စက်ရုပ်များသည် အလိုအလျောက်ထိန်းချုပ်မှုစနစ်ပါ စက်ရုပ်များဖြစ်ပြီး အိမ်တွင်းမှုလုပ်ငန်းများတွင် အသုံးပြုကြသည်။ များလှစွာသော အိမ်တွင်းမှုလုပ်ငန်းသုံး စက်ရုပ်များကို အခြေခံ အိမ်သန့်ရှင်းရေးလုပ်ငန်းများအတွက် အသုံးပြုကြပြီး အချို့ကိုတော့ သင်ကြားရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းများအတွက် အသုံးပြုကြသည်။ (ဥပမာ - ၁၉၈၀ မှစတင်ထုတ်ဝေခဲ့သော HERO (Heathkit Educational RObot) စီရီးစက်ရုပ်များ) အချို့ အိမ်တွင်းမှုဝန်ဆောင်မှုပေး စက်ရုပ်များမှာ အလွန်ပင်ရိုးရှင်းနေသောလည်း အချို့ကတော့ အိမ်ရဲ့ ဝိုင်ဖိုင်ကွန်ယက်နှင့် ချိတ်ဆက်၍ သော်လည်းကောင်း၊ စံပတ်ဝန်ကျင်စနစ်နှင့် ချိတ်ဆက်၍ သော်လည်းကောင်း သူတို့ရဲ့ အလိုအလျောက်ထိန်းချုပ်နိုင်မှုစနစ်ဟာ အလွန်ပင်မြင့်မားနေပီ ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် အိမ်တွင်းမှုလုပ်ငန်းသုံး စက်ရုပ် ၃,၅၄၀,၀၀၀ ကိုအသုံးပြုနေပြီး စက်မှုလုပ်ငန်းသုံး စက်ရုပ်များမှာ ၉၅၀,၀၀၀ ရှိသည်ဟု နှိုင်းယှဉ်ချက်အရ သိရသည်။ [1]