အီး (အက္ခရာ)
လက်တင်စကားလုံး / From Wikipedia, the free encyclopedia
∈ (element) နှင့် ㅌ(ဟန်ဂယ်) တို့ကို ရှုပ်ထွေးစေရန် မဟုတ်။
E သည် အင်္ဂလိပ် လက်တင် ဘာသာ သရ ၅ ခုတွင် ဒုတိယမြောက် သရဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ အင်္ဂလိပ်ဘာသာတွင် ပဉ္စမမြောက် အက္ခရာဖြစ်သည်။E သည် ( ee ) ဟုအသံထွက်ပြီး၊ ees ကို အများကိန်းအဖြစ်အသံထွက်ကြသည်။ E ကို ဒတ်ခ်ျ၊ ပြင်သစ်၊ အင်္ဂလိပ်၊ ဟန်ဂေရီ၊ ဒိန်းမတ်၊ လက်တင်၊ နော်ဝေ၊ စပိန်၊ ကတ်နှင့် ဆွီဒင်ဘာသာများ၌ အများဆုံး တွေ့ရသည်။[1] E သည် မူလဂရိဘာသာ epsilon မှ အနည်းငယ်ကွဲထွက်လာသည်။ ပထမဆုံးအနေဖြင့် စီမီတစ်ဘာသာတွင် လူတစ်ဦးတစ်ယောက်အား လက်ယက်ခေါ်သည့်ပုံစံ သို့မဟုတ် ဆုတောင်းခြင်းပုံစံကို ကိုယ်စားပြုသည့် ပုံ ( Hê ) မှ ပေါ်ပေါက်လာခြင်း ဖြစ်နိုင်သည်ဟု ဘာသာဗေဒ ပညာစာအုပ်တွင် ဆိုထားသည်။ ထို့အပြင် အီဂျစ်တို့၏ အရုပ်စာသင်္ကေတကို အခြေခံထားခြင်း ဖြစ်နိုင်သည်။ စီမိတစ်ဘာသာတွင် H ကိုကိုယ်စားပြုပြီး ဂရိဘာသာတွင် Hê သည် epsilon (epsilon သည် ဂရိဘာသာE ဖြစ်သည်။) ဖြစ်လာသည်။ ဩပ်ရုစကမ်နှင့် ရောမအက္ခရာတို့သည်လည်း နောက်ပိုင်း၌ ထည့်သွင်း အသုံးပြုလာခဲ့ကြသည်။
အောက်ပါပုံကိုကြည့်ပါ။။။