ဥရောပတိုက်ရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေများ စာရင်း
From Wikipedia, the free encyclopedia
ဤသည်မှာ ဥရောပ၏ အမျိုးမျိုးသော ဘုံအဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပထဝီဝင်ဆိုင်ရာ သို့မဟုတ် နိုင်ငံရေးဆိုင်ရာ အကြောင်းအချက်တစ်ခုခု၏အောက်တွင် တစ်စိတ်တစ်ပိုင်းအားဖြင့်ဖြစ်စေ ပတ်သက်နေကြောင်း အထင်အရှားရှိသော နိုင်ငံများစာရင်းဖြစ်သည်။ နိုင်ငံ ၅၀ ခုမှာ အသိအမှတ်ပြု အချုပ်အခြာအာဏာပိုင်နိုင်ငံများဖြစ်ပြီး ကိုဆိုဗိုနိုင်ငံသည် အကန့်အသတ်ဖြင့် အသိအမှတ်ပြုခြင်းခံရသော်လည်း တောင့်တင်းခိုင်မာသော နိုင်ငံတကာအသိအမှတ်ပြုကို ရရှိသည်။ နိုင်ငံ ၅ ခုမှ ကြီးမားစွာ အသိအမှတ်ပြုခြင်း မခံရသော de facto နိုင်ငံများဖြစ်သည်။ စာရင်းတွင်းရှိ အသိအမှတ်ပြုနိုင်ငံ ၈ ခုမှာ ဥရောပနိုင်ငံများနှင့် တစ်ဆက်တည်းတည်ရှိနေခြင်းမဟုတ်သော သို့မဟုတ် အထူးနိုင်ငံရေးသဘောတူညီမှုရှိသည့် နိုင်ငံများဖြစ်သည်။