၂၀၂၂ အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၂၀၂၂ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2022 Asian Games) သည် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပနေသော (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။[1] အားကစားနည်းပေါင်း (၄၀) ထည့်သွင်းကျင်းပမည်ဖြစ်သည်။
အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...
ကျင်းပရာမြို့ | ဟန်ကျိုးမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | Heart to Heart, @Future အရင်းနှီးဆုံး နှလုံးသားများနှင့် တို့အနာဂတ်ဆီသို့ | ||
ပါဝင်သော နိုင်ငံများ | ၄၅ | ||
ကစားပွဲအမျိုးအစား | ၄၈၁ (၄၀နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၂၃ စက်တင်ဘာ ၂၀၂၃ | ||
ပိတ်ပွဲအခမ်းအနား | ၈ အောက်တိုဘာ ၂၀၂၃ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ရှီကျင့်ဖျင် သမ္မတ | ||
အဓိကအားကစားကွင်း | ဟန်ကျိုး အားကစားဥယျာဉ် အားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | hangzhou2022.cn | ||
|
ပိတ်ရန်
ဟန်ကျိုးမြို့သည် တရုတ်နိုင်ငံတွင် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် တတိယမြောက်မြို့ ဖြစ်လာခဲ့သည်။ ယခင်က ၁၉၉၀ပြည့်နှစ်တွင် ပေကျင်းမြို့၌လည်းကောင်း၊ ၂၀၁၀ပြည့်နှစ်တွင် ကွမ်ကျိုးမြို့၌လည်းကောင်း လက်ခံကျင်းပခဲ့သည်။ မူလက ၂၀၂၂ခုနှစ် စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပြိုင်ပွဲကို ၂၀၂၃ခုနှစ် စက်တင်ဘာလသို့ ရွှေ့ဆိုင်းခဲ့သည်။ ၂၀၂၃ခုနှစ်သို့ ပြောင်းလဲကျင်းပသော်လည်း ပြိုင်ပွဲနှင့် သက်ဆိုင်ရာများကို ၂၀၂၂ ခေါင်းစဉ်ဖြင့်သာ ကျင်းပမည်ဖြစ်သည်။