ဂီတ
အသံနှင့်အသံတိတ်ခြင်းတို့ကိုအသုံးချသောအနုပညာ / From Wikipedia, the free encyclopedia
ဂီတဆိုသည်မှာ သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်များကို စည်းချက်ဝါးချက် ညီညီ သီဆိုတီးမှုတ်သော အနုပညာတစ်ရပ်ဖြစ်သည်။ ဂီတဖန်တီးရေးသားခြင်း၊ သီဆိုတီးမှုတ်ခြင်း၊ ထူးခြားချက်နှင့် အဓိပ္ပာယ် သတ်မှတ်ချက်များမှာ ယဉ်ကျေးမှုအလိုက် လူ့အဖွဲ့အစည်းအလိုက် ကွဲပြားမှုများရှိသည်။
ဂီတသည် အသံအားကြားခံအဖြစ် အချိန်တစ်ခုအတွင်း အသုံးပြုသည့် အနုပညာပုံစံတစ်ရပ် ဖြစ်သည်။ ပန်းချီတွင် ကြားခံအား ကင်းဗတ်(စ)စ၊ နံရံ စသည့် medium များကို အသုံးပြုသကဲ့သို့ပင်ဖြစ်သည်။ ဂီတတွင် ယေဘူယျအားဖြင့် pitch ဆိုသော အသံအနိမ့်အမြင့်( ထိုအထဲတွင် သံစဉ်နှင့် ဟာမိုနီ တို့အကျုံးဝင်သည်) စည်းချက်( ၎င်းထဲတွင် tempo,meter နှင့် articulation တို့ပါဝင်သည်) dynamics နှင့် timbre နှင့် texture တို့၏ အသံအရည်အသွေးစသည့် အစိတ်အပိုင်းများပါဝင်သည်။ ဂီတဆိုသော အင်္ဂလိပ်စကားလုံး music သည်ဂရိဘာသာစကား μουσική (mousike)မှဆင်းသက်လာသည်။
ဂီတ၏ ဖန်တီးမူ့၊တင်ဆက်မူ့၊ ထင်ရှားသော ဝိသေသလက္ခဏာ များနှင့် ဂီတဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက် ကိုယ်တိုင်ပင် မတူညီသော ယဉ်ကျေးမူ့များနှင့် လူမူ့ရေးအရ ပုံသဏ္ဍန်အမျိုးမျိုးကွဲပြားနေလေသည်။