အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Southeast Asian Games) အတိုကောက်အားဖြင့် ဆီးဂိမ်းသည် အဖွဲ့ဝင်နိုင်ငံများမှ ၂ နှစ်တစ်ကြိမ် အလှည့်ကျကျင်းပသည့် အားကစားပြိုင်ပွဲ တစ်ရပ်ဖြစ်ပြီး အရှေ့တောင်အာရှဒေသ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစား လက်ရွေးစင်များ ပါဝင်ဆင်နွှဲကြသည်။ ဆီးဂိမ်းကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် (Southeast Asian Games Federation) မှ ထိန်းသိမ်းကွပ်ကဲကာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (International Olympic Committee, IOC) နှင့် အာရှ အိုလံပစ် ကောင်စီ (Olympic Council of Asia) တို့မှ ကြီးကြပ်သည်။
အချက်တိုများ အတိုကောက်, ပထမအကြိမ် ...
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်အမှတ်တံဆိပ် | |
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်အလံ | |
အတိုကောက် | SEA Games |
---|---|
ပထမအကြိမ် | ၁၉၅၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် |
Occur every | ၂နှစ် |
ဌာနချုပ် | ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ |
ဥက္ကဋ္ဌ | Charouck Arirachakaran |
ဝက်ဘ်ဆိုက် | SEAGFoffice.org |
ပိတ်ရန်