ကသစ်ပင်
From Wikipedia, the free encyclopedia
ကသစ်ပင်တွင် ပင်လယ်ကသစ်ပင်၊ ရေကသစ်၊ ကုန်းကသစ်၊ တောင်ကသစ် စသည်ဖြင့် အမျိုးမျိုး ရှိရာ၊ ယင်းတို့အနက် ပင်လယ်ကသစ်မှာ သစ်ကြီးခုနစ်ပင်တွင်ပါဝင်၍ တာဝတိံသာ၏ အထိမ်းအမှတ် ဖြစ်သဖြင့် ထင်ရှားသော အပင်ဖြစ်လေသည်။
Coral trees | |
---|---|
Wiliwili (E. sandwicensis) flowers, Kanaio Beach, Maui], Hawaii | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Fabales |
မျိုးရင်း: | Fabaceae |
မျိုးဇာတ်: | Phaseoleae |
မျိုးစု: | Erythrina L. |
အမျိုးအစား မျိုးစိတ် | |
en:Erythrina corallodendron L.[1] | |
မျိုးစိတ် | |
About 130, see text. | |
Synonyms[2] | |
နွယ်ပင်ဖြစ်သော ကသစ်မှတပါး ကျန် ကသစ်မျိုးဝင် အပင်အားလုံးလိုလိုတွင် ဆူးရှိသည်။ အမြင့်ပေ ၄ဝမှ ၆ဝအထိ ရှိသော ပင်လတ်မျိုးဖြစ်ကြ၍ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်း မိုးပါးသော သစ်တောများတွင် ပေါက်ကြသည်။ သို့သော် ရေကသစ်ပင်ကို တနင်္သာရီတိုင်း၊ သောင်ရင်းနယ်၊ အတ္ထရံနယ်နှင့် ပဲခူးရိုးမ တောင်တန်းပေါ်တွင်လည်းကောင်း၊ ကုန်းကသစ်ကို တောင်ငူနယ်နှင့် ပင်လယ်ကမ်းခြေ တလျှောက်တွင်လည်းကောင်း၊ ကသစ်နွယ်ကို ကချင်တောင်များပေါ်၌လည်းကောင်း တွေ့ရများသည်။ ကသစ်ပင်တို့သည် အခေါက်ထူပွ၍ အရောင်မှာ ဝါမွဲမွဲဖြစ်ကာ ပတ်ကြောင်းများထူ၍ နွေရာသီတွင် အရွက်ကြွေသည်။ မတ်-ဧပြီလအတွင်း နီရဲသော အပွင့်များ ပွင့်ကြ၍၊ ဇွန်-ဇူလိုင်လများအတွင်း အစေ့ပါသော အသီးတောင့်များ သီးကြသည်။
ကသစ်သားတို့၏ အရောင်မှာ ဖြူသည်။ ပွ၍ပျော့သော်လည်း တောင့်တင်းသည်။ ရေနှင့်ထိနေလျှင် တာရှည်ခံသည်။ ထိုကြောင့် ကသစ်သားကို ရေတံလျှောက်များ၊ လှေများ လုပ်ရာတွင် အသုံးပြုနိုင်သည်။ သေတ္တာရိုးရိုးနှင့် ယွန်းသေတ္တာများ၊ ကလေးကစားစရာများ ပြုလုပ်၌လည်း ကသစ်သားကို အသုံးပြုနိုင်၍ ပျဉ်လည်း ခွဲနိုင်သည်။ ရေကသစ်မှာ ပေါ့ပါး၍ အတော်အသင့်တာရှည်ခံသဖြင့် အထက်ပါပစ္စည်းများ အပြင် ဓားအိမ်၊ လှံစွပ်အိမ်များလည်း ပြုလုပ်နိုင်သည်။ အိန္ဒိယနိုင်ငံ၌ ဖန်ချက်လုပ်ငန်း၊ သားရေနယ်လုပ်ငန်း၊ ဆပ်ပြာလုပ်ငန်းစသည်တို့တွင် အသုံးပြုရသော ပါးလအက်ခေါ် ပိုတက်ဆီယမ် ကာဗွန်နိတ်ဓာတ်ဆားပြာ တမျိုးကို အပင်အမျိုးမျိုးမှ ထုတ်ယူရရှိရာ ကသစ်ပင်များမှလည်း ထိုပြာကို ထုတ်ယူကြလေသည်။
ထိုမှတပါး ပင်လယ်ကသစ်ပင်၏ အခေါက်ကို အဖျား ရောဂါအတွက်လည်းကောင်း၊ အရွက်ကို ကိုယ်ပေါ်တွင် ပေါက်သော အနာအတွက်လည်းကောင်း၊ ဆေးအဖြစ် သုံးနိုင်ကြောင်း သိရသည်။[3]