ကိုလံဘိုအမျိုးသားပြတိုက်
From Wikipedia, the free encyclopedia
ကိုလံဘိုအမျိုးသားပြတိုက် သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ ပြတိုက်တစ်ခု ဖြစ်သည်။ ကိုလံဘိုမြို့တွင် ပြတိုက်နှစ်ခုရှိသည်။ ဤပြတိုက်သည် သီရိလင်္ကာနိုင်ငံတွင် အကြီးဆုံးပြတိုက် ဖြစ်သည်။ ဗဟိုအစိုးရ၏ အမျိုးသားပြတိုက်ဌာနက ဤပြတိုက်ကို ထိန်းသိမ်းထားသည်။ ကိုလံဘိုပြတိုက်တွင် နိုင်ငံတော်၏ မင်းမြောက်တန်ဆာများကဲ့သို့သော သီရိလင်္ကာအတွက် အရေးကြီးသည်များကို ပြသထားသည်။ Kandyan monarchs ၏ ပလ္လင်နှင့် သရဖူးများကိုလည်း ပြသထားသည်။ ထို့အပြင် အခြားပြသထားသည့် ပစ္စည်းများသည်လည်း သီရိလင်္ကာနိုင်ငံ၏ ရှေးခေတ်သမိုင်းကြောင်းကို ပြောပြနေသယောင် တည်ရှိသည်။[1][2]
အချက်တိုများ ကိုလံဘိုအမျိုးသားပြတိုက်, တည်ထောင်ခြင်း ...
ကိုလံဘိုအမျိုးသားပြတိုက် | |
---|---|
တည်ထောင်ခြင်း | ဇန်နဝါရီ ၁၊ ၁၈၇၇ (၁၈၇၇-၀၁-၀၁) |
တည်နေရာ | Sir Marcus Fernando Mawatha, ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ |
ကိုဩဒိနိတ် | 6°54′36″N 79°51′39″E |
တည်ထောင်သူ | Sir William Henry Gregory (British Governor of Ceylon 1872–1877) |
ဝက်ဘ်ဆိုဒ် | www.museum.gov.lk |
ပိတ်ရန်