ကောင်းရှုံဆိပ်ကမ်း
From Wikipedia, the free encyclopedia
ကောင်းရှုံဆိပ်ကမ်းသည် ထိုင်ဝမ်တောင်ပိုင်းရှိ ကောင်းရှုံမြို့တွင် တည်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သည်။ နှစ်စဉ် ကုန်စည်သေတ္တာပေါင်း ၁၀ သန်းကျော် တင်ချပေးနိုင်သည့် ထိုင်ဝမ်၏ အကြီးမားဆုံး ဆိပ်ကမ်းလည်း ဖြစ်သည်။ ကောင်းရှုံဆိပ်ကမ်းသည် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန ကောင်းရှုံဆိပ်ကမ်း ဦးစီးဌာန လက်အောက်တွင် ရှိသည်။[1] သို့သော်လည်း ယခုနှစ်များအတွင်း ဆိပ်ကမ်းဧရိယာနှင့် အနီးဝန်းကျင်ရှိ ကောင်းရှုံမြို့၏ မြေနေရာများအား အကောင်းဆုံး အသုံးချနိုင်ရန် ကောင်းရှုံမြို့နှင့် ဆိပ်ကမ်းအား ပေါင်းစည်းကာ ကောင်းရှုံမြို့အစိုးရမှ တိုက်ရိုက်ဦးစီးရန် စီစဉ်လျက်ရှိသည်။
အချက်တိုများ Port of Kaohsiung, တည်နေရာ ...
Port of Kaohsiung | |
---|---|
Port of Kaohsiung | |
တည်နေရာ | |
နိုင်ငံ | တရုတ်သမ္မတနိုင်ငံ |
တည်နေရာ | ကောင်းရှုံမြို့ |
ကိုဩဒိနိတ် | 22.3501°N 120.1730°E / 22.3501; 120.1730 |
အချက်အလက် | |
ဖွင့်လှစ်သည့်နှစ် | 1858 |
စီမံကွပ်ကဲသူ | Kaohsiung Harbor Bureau |
စာရင်းအင်း | |
နှစ်ချုပ် ကုန်စည် ပမာဏ | 9.47 million TEU (2005) |
ဝက်ဘ်ဆိုက် | http://www.khb.gov.tw |
ပိတ်ရန်