ကျိုတို သဘောတူညီချက်စာချုပ်
၁၉၉၇ နိုင်ငံတကာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရန်စာချုပ် / From Wikipedia, the free encyclopedia
ကျိုတို သဘောတူညီချက်စာချုပ်သည် (UNFCCC သို့မဟုတ် FCCC) (ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ ကန့်သတ်ခြင်းညီလာခံ)နှင့်အတူ ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ရန် ရည်ရွယ်သည့် သဘောတူညီချက်စာချုပ်ဖြစ်သည်။ UNFCCC သည် "ရာသီဥတုစနစ်ကို လူတို့၏အန္တရာယ်ရှိသော ဝင်ရောက်စွက်ဖက်ခြင်းမှ တားဆီးမည့် လေထုအတွင်းတွင် အဆင့်တစ်ခုအထိ ဖန်လုံအိမ်ဓာတ်ငွေ့ ပြင်းအားများတည်ငြိမ်မှုရှိရန်" ဟူသော ရည်မှန်းချက်ကို ရရှိရန် ရည်ရွယ်သည့် အပြည်ပြည် ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာချုပ် ဖြစ်သည်။
Kyoto Protocol to the UNFCCC | |
---|---|
Annex B parties with binding targets in the second period Annex B parties with binding targets in the first period but not the second Non-Annex B parties without binding targets Annex B parties with binding targets in the first period but which withdrew from the Protocol Signatories to the Protocol that have not ratified Other UN member states and observers that are not party to the Protocol | |
လက်မှတ်ရေးထိုးသည့် နေ့စွဲ | ၁၁ ဒီဇင်ဘာ ၁၉၉၇[1] |
တည်နေရာ | ကျိုတိုမြို့၊ ဂျပန်နိုင်ငံ |
အသက်ဝင်သည့် နေ့စွဲ | ၁၆ ဖေဖော်ဝါရီ ၂၀၀၅[1] |
ထိရောက်မှု အခြေအနေ | Ratification by at least 55 states to the Convention |
သက်တမ်းကုန်မည့် နေ့စွဲ | 31 December 2012 (first commitment period)[2] 31 December 2020 (second commitment period)[3] |
လက်မှတ်ရေးထိုးသူများ | ၈၄[1] (1998–1999 signing period) |
အဖွဲ့ဝင်များ | ၁၉၂[4][5] (the European Union, Cook Islands, Niue, and all UN member states except Andorra, Canada, South Sudan, and the United States as of 2022) |
တာဝန်အပ်နှင်းသူ | ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် |
ဘာသာစကားများ | အာရဗီ၊ မန်ဒရင်း၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား နှင့် စပိန် |
ဝီကီရင်းမြစ်တွင်ရှိသော Kyoto Protocol | |
Doha Amendment to the Kyoto Protocol | |
---|---|
Acceptance of the Doha Amendment
States that ratified
Kyoto protocol parties that did not ratify
Non-parties to the Kyoto Protocol | |
အမျိုးအစား | Amendment to international agreement |
မူကြမ်းရေးဆွဲသည့် နေ့စွဲ | ၈ ဒီဇင်ဘာ ၂၀၁၂ |
တည်နေရာ | ဒိုဟာမြို့၊ ကာတာနိုင်ငံ |
အသက်ဝင်သည့် နေ့စွဲ | ၃၁ ဒီဇင်ဘာ ၂၀၂၀[6] |
ထိရောက်မှု အခြေအနေ | Ratification by 144 state parties required |
သက်တမ်းကုန်မည့် နေ့စွဲ | ၃၁ ဒီဇင်ဘာ ၂၀၂၀[7] |
သဘောတူညီကြသူများ | ၁၄၇[6] |
ဝီကီရင်းမြစ်တွင်ရှိသော Doha Amendment to the Kyoto Protocol | |
ကုလသမဂ္ဂ ရာသီဥတု အပြောင်းအလဲဆိုင်ရာ ညီလာခံ (United Nations Framework Convention on Climate Change, UNFCCC) ၏ ကမ္ဘာကြီးပူနွေးလာမှုကို ရင်ဆိုင် ဖြေရှင်းရန် ရည်ရွယ်၍ ကျိုတို သဘောတူညီချက် (Kyoto Protocol) သဘောတူညီမှုတစ်ရပ်ကို ချုပ်ဆိုခဲ့သည်။ UNFCCC ၏ ရည်မှန်းချက်မှာ ရာသီဥတုအား အန္တရာယ် ဖြစ်စေနိုင်လောက်သည့် ပြောင်းလဲခြင်းအားကာကွယ်ရန် ကမ္ဘာ့လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ ပါဝင်နှုန်းအား ထိန်းချုပ်ရေးဖြစ်သည်။[8]
ကျိုတို သဘောတူညီချက်အား ၁၉၉၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၌ အစပျိုးခဲ့ပြီး ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် တရားဝင်ကျင့်သုံးခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလအထိ စာရင်းအရ အဖွဲ့ဝင် ၁၈၇ နိုင်ငံမှ ယင်းသဘောတူညီချက်ကို အတည်ပြုခဲ့ပြီးဖြစ်သည်။ အမေရိကန် ပြည်ထောင်စုမှာ လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုအချိန်အထိ အတည်မပြုရသေးပေ။[9]
ကျိုတို သဘောတူညီချက်အရ စက်မှုနိုင်ငံ ၃၇ နိုင်ငံ (Annex I နိုင်ငံများ) က ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုဒ်၊ ဆာလဖာ ဟိုက်စာဖလိုရိုဒ် စသည့် ဖန်လုံအိမ်ဓာတ်ငွေ့ ၄ မျိုးနှင့် ဟိုက်ဒြို ဖလိုရို ကာဗွန်၊ ပါဖလိုရို ကာဗွန် ဓာတ်ငွေ့အုပ်စု ၂ မျိုး၏ ထုတ်လွှတ်မှုကို လျော့ချရန် ကတိပေးခဲ့သည်။ Annex I နိုင်ငံများက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၁၉၉၀ က ပမာဏထက် ၅.၂ % လျှော့ချရန် သဘောတူခဲ့သည်။