ခန်းအကယ်ဒမီ
From Wikipedia, the free encyclopedia
ခန်းအကယ်ဒမီ (Khan Academy) သည် အမေရိကန်နိုင်ငံရှိ အကျိုးအမြတ်မယူသည့်[1] ပညာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဆယ်ခန်း (Salkhan) က ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်ပန်းတိုင်မှာ ပညာသင်ကြားသည့် ကျောင်းသားများအတွက် အကူအညီပေးနိုင်မည့် အွန်လိုင်းကိရိယာ (online tool) များကို ဖန်တီးရန် ဖြစ်သည်။[2] အဖွဲ့သည် တိုတောင်းသည့် သင်ခန်းစာများကို ဗီဒီယိုပြုလုပ်ပေးသည်။[3] ၎င်းဝဘ်ဆိုက်တွင် သင်ကြားပေးသူများအတွက်လည်း ဖြည့်စွက်လေ့ကျင့်သင်ခန်းစာများနှင့် ပစ္စည်းများပါဝင်သည်။ ၎င်းအဖွဲ့၏ ဝဘ်ဆိုက်နှင့် အပ် (App) ကို အသုံးပြုသူများသည် ရင်းမြစ်များအားလုံးကို အခမဲ့ရယူအသုံးပြုနိုင်သည်။
အချက်တိုများ ဝဘ်ဆိုဒ် အမျိုးအစား, ဖတ်ရှုရရှိနိုင်မှု ...
ဝဘ်ဆိုဒ် အမျိုးအစား | 501(c)(3) |
---|---|
ဖတ်ရှုရရှိနိုင်မှု | ဘာသာစကား အများအပြား |
ပိုင်ဆိုင်သူ | Khan Academy, Inc. |
တည်ထောင်သူများ | Sal Khan |
ဝဘ်ဆိုဒ် | khanacademy.org |
လွှင့်တင်ခြင်း | ၂၀၀၈; ၁၆ နှစ် အကြာက (၂၀၀၈) |
ပိတ်ရန်