ခါဇုယို ဆယ်ဂျီမ
From Wikipedia, the free encyclopedia
ခါဇုယို ဆယ်ဂျီမ ( eng : Kazuyo Sejima) ( japanese: 妹島和世 Sejima Kazuyo) မှာ ၁၉၅၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ဖွား ဂျပန်ဗိသုကာပညာရှင်ဖြစ်သည်။ သူမသည် သန့်ရှင်းသော မော်ဒန်ဒြပ်စများဖြစ်သည့် ဖန်, စကျင်ကျောက်များနှင့်သတ္တုကို လုပ်ထားသည့် စင်ကြယ်တောက်ပမျက်နှာပြင်များဖြင့် ဖန်တီးထားသည့် ဒီဇိုင်းများအတွက်လူသိများသည်။ လေးထောင့်နှင့် ကုဗတုံးများကို အသုံးပြုသကဲ့သို့ အမျိုးမျိုးသောဒီဂရီများ အသုံးချမှုကို သူမ၏ဒီဇိုင်းများတွင် တွေ့နိုင်သည် ။ အကြီးစားပြတင်းပေါက်မှ သဘာဝအလင်းကို နေရာလပ်အတွင်းဝင်ရောက်အောင် အသုံးချပြီး အတွင်းပိုင်းနှင့်အပြင်ပန်းအကြား အရည်အကူးအပြောင်းကဲ့သို့ ချောမွေ့သောစီးဆင်းဖြတ်သန်းမှုရသဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိသည်။ ဒီကြားခံနယ်နှစ်ခုစပ်ဆက်မှုသည်လည်း သူမရဲ့ဒီဇိုင်းဖန်တီးမှုကို လှုံ့ဆော်ကွန်းမြူးပေးသည်။
Ryue Nishizawa နှင့်အတူ ဂျာမနီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ အင်္ဂလန်၊ နယ်သာလန်၊ အမေရိကန်ပြည်ထောင်စုနှင့် စပိန်နိုင်ငံတွင် စီမံကိန်းများကို ပြုလုပ်ခဲ့သည်။ သူတို့ရဲ့ဒီဇိုင်းအများစုကို နယူးယောက်မြို့ရှိ Bowery ခရိုင်အတွင်းက EPK ပြတိုက်သစ်ရဲ့ Rolex သင်ယူရေးစင်တာမှာ လေ့လာနိုင်သည်။ Toledo အနုပညာပြတိုက်အတွက် အရိပ်ခို နားနေနိုင်ရန် ဖန်အဆောက်အအုံကို ဗိသုကာကမ္ဘာကြီးနှင့် ဖန်နှင့်ဆက်စပ်သောအနုပညာကို အများပြည်သူသုံးနေရာလပ်တို့နှင့်အတူအပြန်အလှန်ဖို့ထိတွေ့ဆက်ဆံနိုင်ကြောင်း ပြသဖန်တီးခဲ့သည်။ ထိုသို့သောဒီဇိုင်းအခြေခံသဘောတရားများကို သူရဲ့ဒီဇိုင်းများတွင် ဖောဖောသီသီတွေ့ရှိနိုင်သည်။
၂၀၁၀ ခုနှစ်တွင် Ryue Nishizawa နှင့်အတူပူးတွဲကာ Pritzker Prize ကိုလက်ခံရယူသူ ဒုတိယမြောက်အမျိုးသမီးတစ်ဦးဖြစ်သည်။[1]