ဂျပန် အမျိုးသား ဘောလုံးအသင်း
From Wikipedia, the free encyclopedia
ဂျပန် အမျိုးသား ဘောလုံးအသင်း (サッカー日本代表, Sakkā Nippon Daihyō?) သည် ဂျပန်ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်တွင်ရှိသော ဂျပန်နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းတစ်သင်းဖြစ်သည်။
အမည်ပြောင် | サムライ・ブルー (Samurai Blue) | ||
---|---|---|---|
အဖွဲ့ | ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (JFA) 日本サッカー協会 | ||
အဖွဲ့ခွဲ | EAFF (East Asia) | ||
မဟာမိတ်အဖွဲ့ | AFC (Asia) | ||
နည်းပြချုပ် | Hajime Moriyasu | ||
လက်ထောက် နည်းပြ | Jacky Bonnevay | ||
အသင်းခေါင်းဆောင် | Maya Yoshida | ||
Most caps | Yasuhito Endō (၁၅၂) | ||
Top scorer | Kunishige Kamamoto (၈၀)[1] | ||
ဖီဖာကုဒ် | JPN | ||
FIFA အဆင့် | ၂၈ 6 (၁၆ ဇူလိုင် ၂၀၂၀) | ||
အမြင့်ဆုံး FIFA အဆင့် | ၉ (ေဖဖော်ဝါရီ ၁၉၉၈) | ||
အနိမ့်ဆုံး FIFA အဆင့် | ၆၂ (ဒီဇင်ဘာ ၁၉၉၂) | ||
Elo အဆင့် | 44 (20 April 2018) | ||
အမြင့်ဆုံး Elo အဆင့် | ၈ (ဩဂုတ် ၂၀၀၁၊ မတ် ၂၀၀၂) | ||
အနိမ့်ဆုံး Elo အဆင့် | ၁၂၃ (စက်တင်ဘာ ၁၉၆၂) | ||
| |||
ပထမဆုံး နိုင်ငံတကာပွဲ | |||
ဂျပန် ၀–၅ တရုတ် (တိုကျိုမြို့; ၉ မေ ၁၉၁၇)[2] | |||
အကြီးအကျယ် အနိုင်ရ | |||
ဂျပန် ၁၅–၀ ဖိလစ်ပိုင် (တိုကျို;၂၇ စက်တင်ဘာ ၁၉၆၇) | |||
အကြီးအကျယ် ရှုံး | |||
ဂျပန် ၂–၁၅ ဖိလစ်ပိုင် (တိုကျို; ၁၀ မေ ၁၉၁၇)[3] | |||
ကမ္ဘာ့ဖလား | |||
မြင်တွေ့ရမှုများ | ၆ (First in ၁၉၉၈) | ||
အကောင်းဆုံးရလဒ် | ၁၆ သင်းအဆင့်၊ ၂၀၀၂ နှင့် ၂၀၁၀ | ||
အာရှဖလား | |||
မြင်တွေ့ရမှုများ | ၈ (First in ၁၉၈၈) | ||
အကောင်းဆုံးရလဒ် | ချန်ပီယံ၊ ၁၉၉၂၊ ၂၀၀၀၊ ၂၀၀၄ နှင့် ၂၀၁၁ | ||
ကိုပါအမေရိကဖလား | |||
မြင်တွေ့ရမှုများ | ၁ (First in ၁၉၉၉) | ||
အကောင်းဆုံးရလဒ် | အုပ်စုအဆင့်၊ ၁၉၉၉ | ||
Confederations Cup | |||
မြင်တွေ့ရမှုများ | ၅ (First in ၁၉၉၅) | ||
အကောင်းဆုံးရလဒ် | ဒုတိယ၊ ၂၀၀၁ | ||
ဆုတံဆိပ် မှတ်တမ်း
|
ဂျပန်အသင်းသည် အာရှရှိ အအောင်မြင်ဆုံးသော အသင်းများထဲမှ တစ်သင်းဖြစ်ပြီး ဖီဖာကမ္ဘာ့ဖလား နောက်ဆုံးပြိုင်ပွဲ ၆ ခုကို ဆက်တိုက်ဆိုသလို ဝင်ခွင့်ရရှိခဲ့သော အသင်းဖြစ်သည်။ ထို့ပြင် အာရှဖလားကိုလည်း ၁၉၉၂၊ ၂၀၀၀၊ ၂၀၀၄ နှင့် ၂၀၁၁ ခုနှစ်တို့တွင် ရရှိခဲ့သည်။ ဂျပန်အမျိုးသားအသင်းသည် ၂၀၀၁ ခုနှစ် ဖီဖာ တိုက်ကြီးများဖလားတွင် ဒုတိယရရှိခဲ့သည်။ ဂျပန်အမျိုးသားအသင်း၏ ဒေသတွင်းပြိုင်ဘက်များမှာ တောင်ကိုရီးယားအမျိုးသားအသင်းနှင့် ဩစတေးလျအမျိုးသားဘောလုံးအသင်းတို့ဖြစ်သည်။
ဂျပန်အသင်းသည် အမေရိကတိုက်အပြင်မှ ကိုပါအမေရိကဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး ၁၉၉၉ ခုနှစ် နှင့် ၂၀၁၁ ခုနှစ်တို့တွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။[4] ၂၀၁၁ ခုနှစ်ပြိုင်ပွဲတွင် ဖိတ်ကြားချက်ကို လက်ခံခဲ့သော်လည်း ၂၀၁၁ တိုဟိုကူ ငလျင်နှင့် ဆူနာမီကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည်။[5]