တက္ကအိမ်တော်အရှင်မ မာရီ
From Wikipedia, the free encyclopedia
တက္ကအိမ်တော်အရှင်မ မာရီ (မေ ၂၆ ၁၈၆၇ - မတ် ၂၄ ၁၉၆၃; အင်္ဂလိပ်: Mary of Teck) သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၊ ဗြိတိသျှရာဇ အိန္ဒိယတိုက်ငယ်ကိုလိုနီနှင့် ဗြိတိသျှဓနသဟာယနိုင်ငံများ၏ မိဖုရားခေါင်ဘုရင်မကြီးအဖြစ် သတ္တမမြောက် အက်ဒဝပ်ဘုရင် နတ်ရွာစံသည့် ၁၉၁၀ ခုနှစ်မှ သူမ၏ခင်ပွန်းဖြစ်သူ ပဉ္စမမြောက် ဂျော့ဘုရင် နတ်ရွာစံသည့် ၁၉၃၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သောသူဖြစ်သည်။ ၁၉၃၆ ခုနှစ်မှ သူမသေဆုံးခဲ့သော ၁၉၆၃ ခုနှစ်အထိ ဘုရင့်မယ်တော်ကြီး (ကွင်းမားသား) အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ဗြိတိသျှသမိုင်းတစ်လျှောက်တွင် နန်းသက်အရှည်ကြာဆုံး မိဖုရားများတွင် တစ်ယောက်အပါအဝင်လည်းဖြစ်သည်။ ဂျာမနီနိုင်ငံ (ထိုစဉ်အခါက ဂျာမန်အင်ပါယာ)၏ တက္ကအိမ်တော် မြို့စားမျိုးရိုးမှ ဆင်းသက်လာခဲ့သူဖြစ်လေရာ တက္ကအိမ်တော်အရှင်မ မာရီ (Mary of Teck) ဟူ၍လည်းကောင်း၊ နန်းတက်လာသောအခါ ဘုရင့်မိဖုရားဖြစ်လာသောကြောင့် ဘုရင်မကြီး မာရီ (Queen Mary) ဟူ၍လည်းကောင်း လူသိများကြသည်။
တက္ကအိမ်တော်အရှင်မ မာရီ | |
---|---|
ပဉ္စမမြောက် ဂျော့ဘုရင်၏ မိဖုရားအဖြစ် တီယာရာဝင်ဆင်ထားသော မာရီ့ကို တွေ့ရပုံ (၁၉၁၄ ခုနှစ်တွင် ရိုက်ကူးထား) | |
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၊ ဗြိတိသျှရာဇ အိန္ဒိယတိုက်ငယ်ကိုလိုနီနှင့် ဗြိတိသျှဓနသဟာယနိုင်ငံများ၏ မိဖုရားခေါင်ဘုရင်မကြီး | |
နန်းသက် | ၆ မေ ၁၉၁၀ – ၂၀ ဇန်နုဝါရီ ၁၉၃၆ |
ထီးနန်းဆက်ခံခြင်း | ၂၂ ဇွန် ၁၉၁၁ |
ဒေလီ ဒူလ်ဘာ | ၁၂ ဒီဇင်ဘာ ၁၉၁၁ |
မွေးဖွား | (၁၈၆၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၅"။-၂၆)၂၆ မေ၊ ၁၈၆၇ ကင်ဆင်ဂ်တန် နန်းတော်၊ လန်ဒန်မြို့၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ |
ကွယ်လွန် | ၂၄ မတ်၊ ၁၉၅၃(၁၉၅၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၃"။-၂၄) (အသက် ၈၅) မာလ်ဘိုရော့ဂ် နန်းတော်၊ လန်ဒန်မြို့၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ |
ထာဝရ အိပ်စက်ရာ နေရာ | ၃၁ မတ် ၁၉၅၃ (မြေမြှပ်ခဲ့သောနေ့) စိန့်ဂျော့ ချာလ်ပယ်၊ ဝင်ဆာ ရဲတိုက် |
အိမ်ထောင်ဖက် | ပဉ္စမမြောက် ဂျော့ဘုရင် (လက်ထပ် အမှား။ မရေရာသော အချိန်။; died အမှား။ မရေရာသော အချိန်။) |
သားသမီးများ | |
စံအိမ် | တက္ကအိမ်တော် |
ခမည်းတော် | မြို့စားကြီး ဖရန့်စစ် |
မယ်တော် | ကိမ်းဘရစ်ချ်မင်းသမီး မာရီ အာဒါလင်း |
လက်မှတ် |