တိုကျို Skytree
ဂျပန်၊ တိုကျိုရှိ လေ့လာရေးနှင့် ရုပ်သံလွှင့်မျှော်စင် / From Wikipedia, the free encyclopedia
တိုကျို Skytree (東京スカイツリー, Tōkyō Sukaitsurī?) သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဆူမီဒါ တွင်ရှိသော ရုပ်သံထုတ်လွှင့်မှုနှင့် [3]လေ့လာမှုဆိုင်ရာ မျှော်စင်ဖြစ်သည်။ [4] [5]ဒူဘိုင်းမှ ဘာ့ခါလီ အဆောက်ဦ ပြီးလျှင် ကမ္ဘာတွင် ဒုတိယအမြင့်ဆုံး အဆောက်အဦဖြစ်သည်။[6]
တိုကျို Skytree | |
---|---|
東京スカイツリー | |
တိုကျို Skytree ၂၀၁၄ | |
အထွေထွေ အချက်အလက်များ | |
အခြေအနေ | ပြီးစီး |
အမျိုးအစား | ရုပ်သံလွှင့်၊ စားသောက်ဆိုင်နှင့်၊ observation tower |
ဗိသုကာစတိုင် | Neofuturistic |
တည်နေရာ | Sumida, Tokyo, Japan |
ကိုဩဒိနိတ် | 35.7101°N 139.8107°E / 35.7101; 139.8107 |
တည်ဆောက်မှု စတင် | ၁၄ ဇူလိုင် ၂၀၀၈ (၂၀၀၈-၀၇-၁၄) |
ပြီးစီး | ၂၉ ဖေဖော်ဝါရီ ၂၀၁၂ (၂၀၁၂-၀၂-၂၉) |
ဖွင့်လှစ် | ၂၂ မေ ၂၀၁၂ (၂၀၁၂-၀၅-၂၂) |
ကုန်ကျငွေ | 65 billion JPY (600 million USD)[1] |
ပိုင်ဆိုင်သူ | Tobu Tower Skytree Co., Ltd. |
အမြင့် | |
ကောင်းကင်တိုင် ခေါင်ချွန်း | ၆၃၄.၀ m (၂,၀၈၀ ft) |
အမိုး | ၄၉၅.၀ m (၁,၆၂၄ ft) |
အပေါ်ဆုံးအထပ် | ၄၅၁.၂ m (၁,၄၈၀ ft) |
အသေးစိတ် အချက်အလက်များ | |
အထပ် အရေအတွက် | ၃၂ မြေပြင်အထက်[2] ၃ မြေပြင်အောက်[2] |
ဓာတ်လှေကား | ၁၃ |
ဒီဇိုင်းနှင့် တည်ဆောက်မှု | |
ဗိသုကာပညာရှင် | Nikken Sekkei |
ဖွံ့ဖြိုးအောင် ဆောင်ရွက်သူ | Tobu Railway |
အဓိက ကန်ထရိုက်တာ | Obayashi Corp. |
ဝဘ်ဆိုဒ် | |
tokyo-skytree.jp/en/ |
မျှော်စင်ဟောင်းဖြစ်သော တိုကျို မျှော်စင်သည် အထပ်မြင့် အဆောက်အဦးများ ဝန်းရံလျက်ရှိကာ မြေပြင်ကို ပြီးပြည့်စုံသော ဒစ်ဂျစ်တယ်ရုပ်သံ လွှမ်းခြုံမပေးနိုင်သည့် အတွက် ၎င်းသည် ကန်တိုဒေသအတွက် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ မျှော်စင်ဖြစ်လာသည်။ ၂၀၁၂ ခုနှစ် ဖေဖဝါရီလ ၂၉ ရက်နေ့တွင်ပြီးဆုံးခဲ့ပြီး ၂၀၁၂ခုနှစ် မေလ ၂၂ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[7] NHK နှင့် တိုဘူမီးရထား တို့မှ ငွေကြေးထောက်ပံ့ပေးခဲ့ပြီး စီးပွားဖြစ်ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသည့်အကြောင်းရင်းဖြစ်သည်။ ရထားသည် ကပ်လျက်ရှိ တိုကျို Skytree ဘူတာနှင့် အနီးရှိ Oshiage ဘူတာအနီးတွင်ရပ်တန့်သည်။ ၎င်းအစိတ်အပိုင်းသည် တိုကျိုဘူတာ၏ အရှေ့မြောက်ဘက် ၇ ကီလိုမီတာ (၄.၃ မိုင်) တွင်ရှိသည်။