တွမ်ခရုစ်
အမေရိကန် အမျိုးသားရုပ်ရှင်သရုပ်ဆောင်နှင့် ထုတ်လုပ်သူ / From Wikipedia, the free encyclopedia
တွမ်ခရုစ် (အင်္ဂလိပ်: Tom Cruise) ဟူသည့် အမည်ဖြင့် လူသိများသည့် သောမတ်စ် ခရုစ် မေပိုသာ IV (အင်္ဂလိပ်: Thomas Cruise Mapother IV, /ˈtɒməs ˈkruːz ˈmeɪpɒθər/; ၃ ဇူလိုင် ၁၉၆၂ ဖွား) သည် အမေရိကန်နိုင်ငံသား၊ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်နှင့် ထုတ်လုပ်သူ တစ်ဦးဖြစ်သည်။ တွမ်ခရုစ်သည် သူပါဝင်သရုပ်ဆောင်ခဲ့သည့် “Mission Impossible” အခန်းဆက် ရုပ်ရှင်ကားများ၊ “တော့ပ်ဂန်း (၁၉၈၆)” နှင့် လတ်တလော (၂၀၂၂ ခုနှစ်) ရုံတင်ပြသလျက်ရှိသည့် ၎င်း၏နောက်ဆက်တွဲ “တော့ပ်ဂန်း။ မာ့ဗရစ် (အင်္ဂလိပ်: Top Gun:Maverick)” အပါအဝင် အခြား ရုပ်ရှင်ဇာတ်ကားပေါင်းများစွာဖြင့် ကမ္ဘာတဝှမ်း လူသိများသည်။ ထို့ပြင် တွမ်ခရုစ်သည် ဟောလိဝုဒ်၏ အနုပညာကြေး အမြင့်ဆုံး သရုပ်ဆောင်များထဲမှ တစ်ဦးလည်းဖြစ်သည်။[1][2]
တွမ်ခရုစ် | |
---|---|
၂၀၁၉ ခုနှစ် ဆန်ဒီယေဂို ကောမစ်-ကွန်တွင် တွေ့ရသော တွမ်ခရုစ် | |
ဇာတိ အမည် | Tom Cruise |
မွေးဖွား | သောမတ်စ် ခရုစ် မေပိုသာ IV (အင်္ဂလိပ်: Thomas Cruise Mapother IV) (1962-07-03) ဇူလိုင် ၃၊ ၁၉၆၂ (အသက် ၆၁) ဆီရာကျု့စ်မြို့၊ အမေရိကန်ပြည်ထောင်စု |
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၈၁ – လက်ရှိ |
ဖန်တီးမှုများ | စာတွင်ရှု |
အရပ် | ၁၇၀ စင်တီမီတာ (၅ ပေ ၇ လက်မ) |
အိမ်ထောင်ဖက်(များ) |
|
သားသမီး | ၃ |
မိဘ(များ) |
|
ဆွေမျိုးသားချင်း | ဝီလျံ မေပိုသာ (ဝမ်းကွဲ) |
ရရှိသည့်ဆုများ | စာရင်းအပြည့်အစုံကြည့်ရန် |
ဝက်ဘ်ဆိုဒ် | tomcruise.com |
လက်မှတ် | |
တွမ်ခရုစ် ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ကားမှာ “အဆုံးသတ်မရှိသော အချစ်” ဟု မြန်မာလိုအဓိပ္ပါယ်ရသော “Endless Love” ရုပ်ရှင်ကားဖြစ်သည်။ အဓိက ဇာတ်ကောင်နေရာ (သို့) ဇာတ်ဆောင်(ဇာတ်လိုက်)အဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားမှာ “Risky Business” ဖြစ်သည်။ တွမ်ခရုစ် သည် သူ သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ကားများဖြစ်သော - “Fourth of July” (၁၉၈၉)၊ “Jerry Maguire” (၁၉၉၆)၊ “Magnolia” (၁၉၉၉) နှင့် “Easy A” (၂၀၁၀) ရုပ်ရှင်ကားတို့ဖြင့် အော်စကာဆု (၃)ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ရွှေကမ္ဘာလုံးဆု (၃)ဆုကို ရရှိခဲ့သည်။