နေပြည်တော် ဘောလုံးအသင်း
လက်ရှိအချိန်ထိ ဖျက်သိမ်းထားသည့် ဘောလုံးအသင်း / From Wikipedia, the free encyclopedia
နေပြည်တော် ဘောလုံးအသင်းသည် မြန်မာဘောလုံးအသင်းတစ်သင်းဖြစ်ပြီး နေပြည်တော်တွင် တည်ရှိသည်။ အိမ်ကွင်းမှာ ပေါင်းလောင်း အားကစားကွင်းအား အသုံးပြုလျက်ရှိသည်။ အသင်းပိုင်ရှင်မှာ ထင်ရှားသော စီးပွားရေးသမားဖြစ်သူ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်းဖြစ်သည်။ ကလပ်အသင်းအား ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၁၃ မြန်မာနေရှင်နယ်လိဂ်တွင် ဒုတိယရရှိခဲ့သည်။
အသင်းအမည် | နေပြည်တော် ဘောလုံးအသင်း | ||
---|---|---|---|
အခြားအမည် | White Elephant | ||
တည်ထောင်နှစ် | ၂၀၁၀; ၁၄ နှစ် အကြာက (၂၀၁၀) | ||
အိမ်ကွင်း | ပေါင်းလောင်း အားကစားကွင်း Pyinmana, Nay Pyi Taw (လူဝင်ဆံ့မှု: ၁၅,၀၀၀) | ||
ဥက္ကဋ္ဌ | ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း | ||
မန်နေဂျာ | Jonathan | ||
နည်းပြ | မျိုးလှိုင်ဝင်း | ||
ကစားသည့်လိဂ် | မြန်မာနေရှင်နယ်လိဂ် (၂) | ||
၂၀၁၅ | ဒွါဒဿမ | ||
ဝက်ဘ်ဆိုဒ် | Club home page | ||
| |||
လက်ရှိ ရာသီ |
နေပြည်တော် F.C. ကို ၂၀၀၉ ခုနှစ်တွင် အပျော်တမ်းကလပ်(ACE FC) အဖြစ် မြန်မာနိုင်ငံ၏ အမြင့်ဆုံးလိဂ်ဖြစ်သော မြန်မာလိဂ်တွင် ယှဉ်ပြိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့သည်။ The အသင်း၏ပထမဆုံးမန်နေဂျာမှာ ဦးဇော်ဝင်းဖြစ်ပြီး နည်းပြမှာ ဦးဆန်းလွင်ဖြစ်သည်။ ၂၀၁၀ ခုနှစ်ကတည်းက ACE FC (ယခု နေပြည်တော်ဘောလုံးအသင်း) ဘောလုံးအသင်းအား ပရော်ဖက်ရှင်နယ် ကလပ်အသင်းအဖြစ် မြန်မာလိဂ်မှ ပြောင်းလဲထားသော မြန်မာ နေရှင်နယ် လိဂ်တွင် ကစားရန်အတွက် ပြောင်းလဲဖွဲ့စည်းခဲ့သည်။