ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (ဂျပန်)
From Wikipedia, the free encyclopedia
MEXT ဟု အတိုကောက်သိကြသည့် ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Education, Culture, Sports, Science and Technology; ဂျပန်: 文部科学省, Monbu-kagaku-shō) သည် ဂျပန်အစိုးရ၏ အုပ်ချုပ်ရေးဝန်ကြီးဌာန ဆယ့်တစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။[1]
အချက်တိုများ ဂျပန်အစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
ဂျပန်အစိုးရအဖွဲ့အစည်း | |
---|---|
文部科学省 Monbu-kagaku-shō | |
MEXT ဌာနချုပ် | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ဇန်နဝါရီ ၂၀၀၁ (၂၀၀၁-၀၁) |
ယခင်အဖွဲ့အစည်း | ပညာရေးဝန်ကြီးဌာန သိပ္ပံနှင့် နည်းပညာ အေဂျင်စီ |
ဌာနချုပ် | 3–2–2 ကာဆုမိဂါဆဲကိ၊ ချိယိုးဒ၊ တိုကျိုမြို့ 100-8959၊ ဂျပန်နိုင်ငံ |
ဝန်ကြီးများ | ကိုးအိချိ ဟာဂိအုဒ၊ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး Keiko Nagaokaကေးကို နာဂါအိုက၊ အစိုးရဝန်ကြီး တိုမိုကို အုကိရှိမ၊ အစိုးရဝန်ကြီး |
မိခင်အဖွဲ့အစည်း | ဂျပန်အစိုးရ |
ဌာနခွဲများ | ယဉ်ကျေးမှုရေးရာ အေဂျင်စီ ဂျပန်အားကစားအေဂျင်စီ |
ဝက်ဘ်ဆိုက် | www.mext.go.jp |
ပိတ်ရန်
နိုင်ငံတကာ အသိုက်အဝန်းတွင် ဂျပန်နိုင်ငံ၏ အရေးပါမှုအခြေအနေ တိုးတက်လာစေရန် ရည်ရွယ်သည်။[2][3] ဝန်ကြီးဌာနသည် ၎င်း၏ စီရင်ပိုင်ခွင့်ကို ကျင့်သုံးလျက်၊ လူနေမှုပတ်ဝန်းကျင်နှင့် ကလေးသူငယ် ကျန်းမာရေး၊[4] ကျားမ တန်းတူညီမျှမှု[5] စသည့် အနာဂတ်ရည်မှန်းချက်များဆိုင်ရာ သုတေသနများအတွက် ရန်ပုံငွေများ ရှာဖွေထောက်ပံ့ရန် တာဝန်ယူရသည်။[6]