ပန်းသီး
ချို၍ စားသုံးနိုင်သည့် အသီး / From Wikipedia, the free encyclopedia
ပန်းသီးသည် ချို၍ စားနိုင်သည့် သစ်သီး ဖြစ်သည်။ ပန်းသီးပင် (Malus pumila ) မှ သီးသည့် အသီး ဖြစ်သည်။ ပန်းသီးပင်များကို ကမ္ဘာတစ်ဝန်းတွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။ ပန်းသီးပင်များ၏ မူလပေါက်ရောက်ရာ ဒေသသည် အာရှတိုက်အလယ်ပိုင်း ဖြစ်သည်။ ပန်းသီးပင်သည် genus Malus ၏ မျိုးစိတ်ဖြစ်သည်။ ထိုအာရှတိုက်အလယ်ပိုင်းတွင် ယခုထက်တိုင် ပန်းသီးပင်များ၏ မျိုးဆက်အရိုင်းပင် Malus sieversii များကို တွေ့နိုင်ပေသည်။ ပန်းသီးပင်များကို အာရှတိုက်နှင့် ဥရောပတိုက်တွင် ထောင်စုနှစ်များက စိုက်ပျိုးခဲ့ပြီး မြောက်အမေရိကတိုက်သို့ ဥရောပကိုလိုနီခေတ်တွင် သယ်ဆောင်စိုက်ပျိုးခဲ့သည်။ ပန်းသီးသည် ယုံကြည်မှု၊ ဒဏ္ဍာရီစသည်တို့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ကို ခရစ်ယာန်၊ ဂရိနှင့် Norse စသည်တို့တွင် တွေ့နိုင်သည်။
ပန်းသီး | |
---|---|
အသီး | |
အပွင့်များ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Rosales |
မျိုးရင်း: | Rosaceae |
မျိုးဇာတ်သေး: | Malinae |
မျိုးစု: | Malus |
မျိုးစိတ်: | M. pumila |
ဒွိနာမ | |
Malus pumila Miller, 1768 | |
Synonyms[1][2] | |
|
ပန်းသီးပင်သည် အစေ့မှ စိုက်ပျိုးပါက ကြီးထွားကြသည်။ ပုံမှန်အားဖြင့် ပန်းသီးပင်စိုက်ပျိုးသူများသည် ကိုင်းဆက်သည့်နည်းလမ်းကို အသုံးပြုကြသည်။ ထိုနည်းလမ်းကို အသုံးပြုခြင်းဖြင့် ပန်းသီးပင်၏ အရွယ်အစားကို ထိန်းချုပ်နိုင်ပေသည်။
၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ပန်းသီးထုတ်လုပ်မှုသည် တန်ချိန် ၈၃.၁ သန်းရှိသည်။ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုသည် စုစုပေါင်းထုတ်လုပ်မှု၏ ၄၉.၈ ရာခိုင်နှုန်း ရှိသည်။[3]