မာ့ခ် ဝါးလ်ဘာ့ဂ်
အမေရိကန် သရုပ်ဆောင် / From Wikipedia, the free encyclopedia
မာ့ခ် ရောဘတ် မိုက်ကယ် ဝါးလ်ဘာ့ဂ် (အင်္ဂလိပ်: Mark Robert Michael Wahlberg; ၅ ဇွန် ၁၉၇၁ ဖွား) သည် အမေရိကန် သရုပ်ဆောင်၊ ရုပ်မြင်သံကြားနှင့် ရုပ်ရှင် ထုတ်လုပ်ရေးသမား တစ်ဦးဖြစ်သည်။ သူ၏ဖခင်မှာ ဆွီဒင်နှင့် အိုင်းရစ် နွယ်ဖွားဖြစ်ပြီး၊ မိခင်မှာ အိုင်းရစ်၊ စကော့တလန်၊ အင်္ဂလိပ်နှင့် ပြင်သစ်-ကနေဒါ မျိုးရိုးမှဆင်းသက်လာသူဖြစ်သည်။[1] အကယ်ဒမီဆုအတွက် ဆန်ကာတင်စာရင်း အကြိမ်ကြိမ်ဝင်ခဲ့ဖူးသူလည်းဖြစ်သည်။ New Kids on the Block အဖွဲ့ဝင်အဖြစ် ခဏတာကြာပြီးနောက် သူသည် Marky Mark and the Funky Bunch တီးဝိုင်းနှင့်အတူ ရက်ပ် ဂီတပညာရှင်အဖြစ် နာမည်ကြီးလာခဲ့ပြီး သူ၏သရုပ်ဆောင် အသက်မွေးဝမ်းကြောင်းမှုအစတွင် "Marky Mark" ဟုလည်း လူသိများခဲ့သည်။
အချက်တိုများ မာ့ခ် ဝါးလ်ဘာ့ဂ်Mark Wahlberg (အင်္ဂလိပ်), ဇာတိ အမည် ...
မာ့ခ် ဝါးလ်ဘာ့ဂ် Mark Wahlberg (အင်္ဂလိပ်) | |
---|---|
၂၀၂၁ ခုနှစ်တွင် ရိုက်ကူးထားသော ဓာတ်ပုံ | |
ဇာတိ အမည် | Mark Wahlberg |
မွေးဖွား | မာ့ခ် ရောဘတ် မိုက်ကယ် ဝါးလ်ဘာ့ဂ် (အင်္ဂလိပ်: Mark Robert Michael Wahlberg) (1971-06-05) ဇွန် ၅၊ ၁၉၇၁ (အသက် ၅၂) ဘော့စတွန်မြို့၊ မက်ဆာချူးဆက်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၈၉ – လက်ရှိ |
ဖန်တီးမှုများ | |
အိမ်ထောင်ဖက်(များ) | Rhea Durham (လက်ထပ် ၂၀၀၉) |
သားသမီး | ၄ |
ဆွေမျိုးသားချင်း |
|
ရရှိသည့်ဆုများ | စာရင်းအပြည့်အစုံကြည့်ရန် |
ဂီတခရီးလမ်း | |
အခြားအမည်များ | Marky Mark |
ဂီတဟန် | |
တူရိယာ | သီဆိုခြင်း |
တက်ကြွသည့်နှစ်များ | ၁၉၈၄ – ၁၉၉၇ |
တေးသံသွင်း ကုမ္ပဏီ | |
ပိတ်ရန်
ဝါးလ်ဘာ့ဂ် သည် အသက် ၁၆ နှစ်အရွယ်တွင် ပြစ်မှုကျူးလွန်သဖြင့် ထောင်ကျခဲ့ဖူးသည်။ သူသည် ရိုမန်ကက်သလစ်ဘာသာဝင်ဖြစ်သည်။[2]