မိုင်ယာမီမြို့
From Wikipedia, the free encyclopedia
မိုင်ယာမီမြို့ (အင်္ဂလိပ်: Miami; /maɪˈæmi/; စပိန်အသံထွက်: [miˈami]) သည် ဖလော်ရီဒါပြည်နယ် အရှေ့တောင်ပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ၏ ကမ်းရိုးတန်းပေါ်တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်ပြီး မိုင်ယာမီ-ဒိတ် ကောင်တီ၏ မြို့တော် ဖြစ်သည်။ ထိုကောင်တီမှာ ဖလော်ရီဒါ ပြည်နယ်တွင် လူဦးရေ အများဆုံး ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် အဌမမြောက် လူဦးရေ အများဆုံး ဖြစ်ကာ လူဦးရေ ၂,၅၀၀၀,၆၂၅ ဦး ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ၄၂ မြို့မြောက် လူဦးရေ အများဆုံး မြို့ ဖြစ်ပြီး မြို့တွင်း လူဦးရေ ၃၉၉,၄၅၇ ဦး ရှိသည်။ တောင်ဖလော်ရီဒါ မက်ထရိုပိုလစ်တန် ဧရိယာ အတွင်း အဓိက၊ အလယ်ဗဟိုကျကာ၊ လူဦးရေ အများဆုံး ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းတွင် လူဦးရေ အများဆုံး မက်ထရိုပိုလစ် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု သန်းခေါင်စာရင်း ဗျူရို၏ အဆိုအရ မိုင်ယာမီ မက်ထရို ဧရိယာသည် သတ္တမမြောက် လူဦးရေ အများဆုံးနှင့် ပဉ္စမမြောက် အကြီးဆုံး မြို့ပြဧရိယာဖြစ်ပြီး လူဦးရေ ၅.၅ သန်းမျှ ရှိသည်။
မိုင်ယာမီမြို့ | |||
---|---|---|---|
Metropolitan City | |||
City of Miami | |||
အပေါ်မှ စ၍ ဝဲမှယာ၊ မိုင်ယာမီမြို့လယ်ခေါင်၊ ဖရီးဒမ်း တာဝါ၊ ဗစ်ဇ်ကာရ ဗီလာ၊ မိုင်ယာမီ တာဝါ၊ ဗာဂျီးနီးယားကီး ကမ်းခြေ၊ Adrienne Arsht Center for the Performing Arts၊ အမေရိကန် လေကြောင်းလိုင်း အေရီနာ၊ မိုင်ယာမီ ဆိပ်ကမ်း၊ မိုင်ယာမီပေါ်တွင် လသာနေပုံ | |||
| |||
နာမည်ပြောင်(များ): ပဉ္စလက်မြို့တော်၊ အမေရိကား၏ ဝင်ပေါက်၊ လက်တင်အမေရိက၏ မြို့တော်[1] | |||
မိုင်ယာမီ-ဒိတ် ကောင်တီနှင့် အမေရိကန်ပြည်ထောင်စု အတွင်း တည်နေရာပြပုံ | |||
အမေရိကန်ပြည်ထောင်စု အတွင်း တည်နေရာ | |||
ကိုဩဒိနိတ်: 25°46′31″N 80°12′32″W | |||
နိုင်ငံ | အမေရိကန်ပြည်ထောင်စု | ||
ပြည်နယ် | ဖလော်ရီဒါပြည်နယ် | ||
ကောင်တီ | မိုင်ယာမီ-ဒိတ် | ||
အခြေချခြင်း | ၁၈၂၅ | ||
မြို့တည်ခြင်း | ဇူလိုင် ၂၈၊ ၁၈၉၆ | ||
အမည်ပေး | Mayaimi | ||
အစိုးရ | |||
• အမျိုးအစား | မြို့တော်ဝန်-ကော်မစ်ရှင်နာ အစီအစဉ် | ||
• မြို့တော်ဝန် | Tomás Regalado (R) | ||
• မြို့တော်မန်နေဂျာ | Daniel J. Alfonso | ||
ဧရိယာ[2] | |||
• Metropolitan City | ၅၅.၂၇ စတုရန်းမိုင် (၁၄၃.၁ စတုရန်းကီလိုမီတာ) | ||
• ကုန်းမြေ | ၃၅.၆၈ စတုရန်းမိုင် (၉၂.၄ စတုရန်းကီလိုမီတာ) | ||
• ရေထု | ၁၉.၅၉ စတုရန်းမိုင် (၅၀.၇ စတုရန်းကီလိုမီတာ) | ||
• မြို့ပေါ် | ၁,၁၁၆.၁ စတုရန်းမိုင် (၂၈၉၁ စတုရန်းကီလိုမီတာ) | ||
• မြို့ပြကြီး | ၆၁၃၇ စတုရန်းမိုင် (၁၅၈၉၀ စတုရန်းကီလိုမီတာ) | ||
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၆ ပေ (၂ မီတာ) | ||
အမြင့်ဆုံး နေရာ | ၄၂ ပေ (၁၃ မီတာ) | ||
လူဦးရေ (၂၀၁၀)[3][4][5][6] | |||
• Metropolitan City | ၃၉၉,၄၅၇ | ||
• ခန့်မှန်း (၂၀၁၅) | ၄၄၁,၀၀၃ | ||
• အဆင့် | 44th, U.S. | ||
• သိပ်သည်းမှု | ၁၂၃၆၀/sq mi (၄၇၇၀/km၂) | ||
• မြို့ပေါ် | ၅,၅၀၂,၃၇၉ (၄th, U.S.) | ||
• မြို့ပြကြီး | ၅,၅၆၄,၆၃၅ (၈th, U.S.) | ||
Demonym(s) | Miamian | ||
အချိန်ဇုန် | Eastern (EST) (UTC-5) | ||
• နွေရာသီ (DST) | EDT (UTC-4) | ||
ZIP code(s) | ၃၃၀၁၀–၃၃၂၉၉ | ||
ဧရိယာကုဒ်(များ) | ၃၀၅၊ ၇၈၆ | ||
ဝက်ဘ်ဆိုဒ် | miamigov.com |