မြက်ခင်းပြင်
From Wikipedia, the free encyclopedia
မြက်ခင်းပြင်များသည် မြက်များဖြင့် လွှမ်းမိုးထားသောဧရိယာများဖြစ်ကြသည်။ အန္တာတိကတိုက်မှလွဲ၍ တိုက်ကြီးများအားလုံးတွင် မြက်ခင်းပြင်များကို တွေ့မြင်နိုင်သည်၊ ထို့အပြင် မြက်ခင်းပြင်များသည် ကမ္ဘာပေါ်ရှိ အကြီးမားဆုံး biome များထဲက တစ်ခုအပါဝင်ဖြစ်ပြီး[1] ကမ္ဘာအနှံ့ လွှမ်းမိုးထားသည်။ မတူညီသော မြက်ခင်းပြင်အမျိုးအစားများရှိကြပြီး သဘာဝမြက်ခင်းပြင်၊ တပိုင်းသဘာဝမြက်ခင်းပြင်နှင့် စိုက်ပျိုးမွေးမြူရေး မြက်ခင်းပြင်များဟူ၍ ရှိသည်။[1] မြက်ခင်းပြင်များသည် ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၃၁-၄၃ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြက်ခင်းပြင်များသည် ၃.၅ ဘီလီယံ ဟက်တာရှိကာ ကမ္ဘာမြေနယ်နမိတ်ဧရိယာ၏ ၂၆-၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုထားသည်။[2][3]