မွန်းဂျယ်အင်း
တောင်ကိုရီးယားနိုင်ငံ၏ ၁၂ယောက်မြောက်သမ္မတ / From Wikipedia, the free encyclopedia
မွန်းဂျယ်အင်း (အင်္ဂလိပ်: Moon Jae-in၊ ကိုရီးယား: 문재인) (မွန်းဂျဲအင်းန် ဟုလည်းစာလုံးပေါင်း) သည် ကိုရီးယားသမ္မတနိုင်ငံ၏ ၁၂ယောက်မြောက် သမ္မတဖြစ်သည်။ သူသည် လူအခွင့်အရေး ရှေ့နေတစ်ဦးလည်းဖြစ်သည်။ အာဏာရှင်သမ္မတဟောင်း ဘတ်ဂျောင်ဟီး လက်ထက်တွင် ကျောင်းသားဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ထိုကိစ္စကြောင့် သူ၏ရှေ့ဆက်ရမည့်ဘဝတွင် ထိခိုက်မှုများရှိခဲ့သည်။
H.E မွန်းဂျယ်အင်း | |
---|---|
문재인 文在寅 | |
၂၀၁၈ခုနှစ်က တွေ့ရစဉ် | |
ကိုရီးယားသမ္မတနိုင်ငံ၏ ၁၂ယောက်မြောက် သမ္မတ | |
တာဝန်သက်တမ်း ၁၀ မေ ၂၀၁၇ – ၉ မေ ၂၀၂၂ | |
ဝန်ကြီးချုပ် |
|
ယခင်လူ | ဘတ်ဂွန်းဟဲ ဟွမ်ဂယိုအန်း (ယာယီ) |
ဆက်ခံသူ | ယွန်းဆော့ယော |
ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် | |
တာဝန်သက်တမ်း ၉ ဖေဖော်ဝါရီ ၂၀၁၅ – ၂၇ ဇန်နဝါရီ ၂၀၁၆ | |
ယခင်လူ | Moon Hee-sang |
ဆက်ခံသူ | Kim Chong-in |
အမျိုးသားလွှတ်တော်အမတ် | |
တာဝန်သက်တမ်း ၃၀ မေ ၂၀၁၂ – ၂၉ မေ ၂၀၁၆ | |
ယခင်လူ | Chang Je-won |
ဆက်ခံသူ | Chang Je-won |
မဲဆန္ဒနယ် | Sasang ခရိုင် (ဘူဆန်) |
သမ္မတ၏ အတွင်းဝန်အကြီးအကဲ | |
တာဝန်သက်တမ်း ၁၂ မတ် ၂၀၀၇ – ၂၄ ဖေဖော်ဝါရီ ၂၀၀၈ | |
သမ္မတ | နိုမူဟျွန်း |
ယခင်လူ | Lee Byung-wan |
ဆက်ခံသူ | Yu Woo-ik |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1953-01-24) ဇန်နဝါရီ ၂၄၊ ၁၉၅၃ (အသက် ၇၁) Geoje၊ South Gyeongsang၊ တောင်ကိုရီးယားနိုင်ငံ |
နိုင်ငံရေးပါတီ | ဒီမိုကရက်တစ် |
ကြင်ဖော်(များ) | ဂင်မ်ဂျောင်းဆု |
သားသမီး | ၂ |
မိခင် | Kang Han-ok |
ဖခင် | Moon Yong-hyung |
မိခင်ကျောင်း | Kyung Hee University (LLB) |
အလုပ်အကိုင် | နိုင်ငံရေးသမား |
ကျွမ်းကျင်မှု | ရှေ့နေ |
လက်မှတ် | |
ဝက်ဘ်ဆိုဒ် | Official website |
စစ်မှုထမ်းခြင်း | |
တပ်/တပ်ဖွဲ့ခွဲ | ကိုရီးယားသမ္မတနိုင်ငံတပ်မတော် |
အမှုထမ်းကာလ | ၁၉၇၅ - ၁၉၇၈ |
ရာထူး | Sergeant (ကိုရီးယား: Byeongjang) |
တပ် | အထူးစစ်ဆင်ရေးတပ်ဖွဲ့ |
တိုက်ပွဲ/စစ်ပွဲများ | ပုဆိန်လူသတ်မှု[1] |
၁၉၈၂ခုနှစ်တွင် နောင်တွင်သမ္မတဖြစ်လာမည့် နိုမူဟျွန်း နှင့်အတူ လူ့အခွင့်အရေးနှင့် လူမှုအဖွဲ့အစည်းများဆိုင်ရာ အထူးပြုဥပဒေရုံးကို တည်ထောင်ခဲ့သည်။ ၂၀၀၃ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ လူမှုရေးရာနှင့် လူမှုအဖွဲ့အစည်းရေးရာ ဥက္ကဋ္ဌ၏ အကြီးတန်းအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၇ခုနှစ်တွင် အိမ်ပြာတော်၌ အတွင်းဝန်အကြီးအကဲအဖြစ်လည်းကောင်း၊ ဒုတိယအကြိမ် တောင် - မြောက် ထိပ်သီးအစည်းအဝေးမြှင့်တင်ရေးကော်မတီ၏ ဥက္ကဋ္ဌ၊ ၂၀၁၀ပြည့်နှစ်တွင် နိုမူဟွန်းဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ၊ ၂၀၁၁ခုနှစ်တွင် ဆန်းသစ်တီထွင်မှုနှင့် ပေါင်းစည်းရေးဆိုင်ရာ အမြဲတမ်းအတွင်းဝန်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။[2]
၂၀၁၂ခုနှစ် အစောပိုင်းက ကျင်းပသော လွှတ်တော်ရွေးကောက်ပွဲတွင် Sasang ခရိုင်မှ အနိုင်ရခဲ့သည်။ ထို့နောက် ၂၀၁၂ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် ပြိုင်ဘက်ပါတီမှ ဘတ်ဂွန်းဟဲ အား ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် (၁၉)ကြိမ်မြောက် အမျိုးသားလွှတ်တော်၏ လွှတ်တော်အမတ်အဖြစ် ၂၀၁၂ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ ၂၀၁၇ခုနှစ် အစောပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက သမ္မတအား ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ရွေးကောက်ပွဲ ထပ်မံကျင်းပခဲ့သည်။ မွန်းသည် ၂၀၁၇ သမ္မတရွေးကောက်ပွဲတွင်လည်း ထပ်မံယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပြီး ၂၀၁၇ခုနှစ် မေလ (၁၁) ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၏ (၁၂) ယောက်မြောက် သမ္မတဖြစ်လာခဲ့သည်။