ရိုမန် အေဘရာမိုဗစ်ချ်
ရုရုားလူမျိုး သန်းကြွယ်သူဌေး စီးပွားရေး လုပ်ငန်းရှင်၊ ရင်းနှီးမြှပ်နှံသူ၊ နိုင်ငံရေးသမား / From Wikipedia, the free encyclopedia
ရိုမန် အာခဒဲဗစ်ချ် အေဘရာမိုဗစ်ချ်ကို ၁၉၆၆ အောက်တိုဘာ ၂၄ တွင် မွေးဖွားခဲ့ပြီး ရုရုားလူမျိုး သန်းကြွယ်သူဌေး စီးပွားရေး လုပ်ငန်းရှင်၊ ရင်းနှီးမြှပ်နှံသူ၊ နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ အေဗရာမိုဗစ်သည် ပုဂ္ဂိုလိက ရင်းနှီးမြှပ်နှံရေး ကုမ္ပဏီ Millhouse LLC Company ၏ အဓိကပိုင်ရှင်ဖြစ်ပြီး ရုရှားနိုင်ငံပြင်ပတွင် အင်္ဂလန် အဆင့်မြင့်တန်းအသင်း ချဲလ်ဆီးဘောလုံးအသင်း၏ပိုင်ရှင်အဖြစ် ထင်ရှားလူသိများသူ ဖြစ်သည်။ ဖို့ဘ်မဂ္ဂဇင်း၏ ၂၀၁၆ သန်းထောင်ကြွယ်သူဌေးစာရင်းအရ အေဗရာမိုဗစ်၏ အသားတင် ကြွယ်ဝချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ သန်း ၇၆၀၀ရှိပြီး၊ ရုရှားနိုင်ငံတွင် ၁၃ယောက်မြောက် အချမ်းသာဆုံးနှင့် ကမ္ဘာပေါ်၌ ၁၅၁ယောက်မြောက် အချမ်းသာဆုံးသူ ဖြစ်သည်။The World's Billionaires 2016။ Forbes (2016)။ 12 March 2017 တွင် ပြန်စစ်ပြီး။ ရုရှား စီးပွားရေး မဂ္ဂဇင်းတစ်စောင်ဖြစ်သော Expert Magazine မှ ၂၀၀၃ တွင် အေဘရာမိုဗစ်ချ် ကို Person of the Year အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သည်။ ထို ဘွဲ့ကို Mikhail Khodorkovsky နှင့်အတူ ယှဉ်တွဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အေဘရာမိုဗစ်ချ် သည် လက်ရှိ ရုရှားတွင် နံပါတ် ၄ အဆင့်ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ၂၀၁ဝ Forbes စာရင်းအရ ခန့် မှန်း ဒေါ်လာ ၁၁.၂ ဘီလျံပိုင်ဆိုင်ပြီး ကမ္ဘာ့ နံပါတ် ၅ဝ အဆင့်ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
ရိုမန် အေဘရာမိုဗစ်ချ် | |
---|---|
မွေးဖွား | ရာမန် အာကာဂျီဘီရှ် အေဗရာမိုဗစ် ၂၄ အောက်တိုဘာ ၁၉၆၆&#၁၆၀;(၁၉၆၆-၁၀-၂၄) (အသက် ၅၇) ဆာရာတော့ဖ်, ဆိုဗီယက် ပြည်ထောင်စု |
ဌာနေ | ချဲလ်ဆီး, လန်ဒန်မြို့, United Kingdom |
နိုင်ငံလူမျိုး | ရုရှားလူမျိုး |
အလုပ်အကိုင် | စီးပွားရေးသမား၊ စွန့်ဦးတီထွင်၊ နိုင်ငံရေးသမား |
ကျော်ကြားမှုအရင်းခံ |
|
ကြွယ်ဝမှု | |
အိမ်ထောင်ဖက်(များ) | အိုလဂါ လူဆိုဘာ (လက်ထပ် ၁၉၈၇–90) အီရီနာ မီလန်ဒီနာ (လက်ထပ် ၁၉၉၁–2007) ဒါရှာ ဇူကိုဘာ (လက်ထပ် 2008)[3] |
သားသမီး | ၇ ဦး
|
ရရှိသည့်ဆုများ |