လပေါ်သို့ဆင်းသက်ခြင်း
လ၏မျက်နှာပြင်ပေါ်သို့ အာကာသယဉ်ရောက်ရှိခြင်း / From Wikipedia, the free encyclopedia
imagemap_invalid_title
လပေါ်သို့ဆင်းသက်ခြင်းဆိုသည်မှာ လမျက်နှာပြင်ပေါ်သို့ အာကာသယာဉ် ဆင်းသက်ခြင်းကို ဆိုလိုသည်။ လူလိုက်ပါသောခရီးစဉ် နှင့် လူမဲ့ (စက်ရုပ်) ခရီးစဉ်များပါ အကျုံးဝင်သည်။ လမျက်နှာပြင်ပေါ်ရောက်ရှိသော ပထမဆုံး လူလုပ်အရာဝတ္ထုမှာ ၁၉၅၉၊ စက်တင်ဘာ ၁၃ တွင် လွှတ်တင်ခဲ့သော ဆိုဗီယက်နိုင်ငံထုတ် လူနာ ၂ အာကာသယာဉ်ဖြစ်သည်။[3] ၁၉၆၉၊ ဇူလိုင် ၂၀ တွင် အမေရိကန်ပြည်ထောင်စုက လွှတ်တင်ခဲ့သောအပိုလို ၁၁ ခရီးစဉ်သည် ပထမဆုံးသော လူလိုက်ပါသည့် လကမ္ဘာခရီးစဉ်ဖြစ်သည်။[4] ၁၉၆၉ မှ ၁၉၇၂ ကြားကာလတွင် လူလိုက်ပါသော အမေရိကန်ယာဉ် ၆ စင်း နှင့် မရေမတွက်နိုင်သော လူမဲ့အာကာသယာဉ်များ လပေါ်ဆင်းသက်ခဲ့ကြသည်။ သို့ရာတွင် ၁၉၇၆ မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၄ အထိ ညင်သာစွာ ဆင်းသက်နိုင်ခြင်း မရှိခဲ့ပေ။