ဝူဟန်မြို့
From Wikipedia, the free encyclopedia
ဝူဟန်မြို့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူးပေပြည်နယ်၏ မြို့တော်ဖြစ်သည်။ [16] ဝူဟန်မြို့သည် ဟူးပေပြည်နယ်တွင် အကြီးဆုံးဖြစ်ပြီး တရုတ်နိုင်ငံ အလယ်ပိုင်းတွင် လူဦးရေ အများဆုံးမြို့ ဖြစ်ပြီး [17] လူဦးရေ ၁၁ သန်းကျော် ရှိကာ တရုတ်နိုင်ငံတွင် သတ္တမမြောက် လူဦးရေ အများဆုံး မြို့ဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ နိုင်ငံတော်ဗဟိုမြို့တော် ၉ မြို့တွင် တစ်မြို့ အပါအဝင် ဖြစ်သည်။ [18]
ဝူဟန်မြို့ Wuhan 武汉市 | |
---|---|
ပရီဖက်ချာ အဆင့်နှင့် တွဲဖက်ပြည်နယ်မြို့တော် | |
နာမည်ပြောင်(များ): 九省通衢[1][2] ("တရုတ်ပြည်၏ အဓိက လမ်းမကြီး") တရုတ်ပြည်၏ ရှီကာဂို[3][4][5] 江城 ("မြစ်မြို့တော်") | |
ဆောင်ပုဒ်: 武汉, 每天不一样 ("ဝူဟန်၊ နေ့တိုင်းပြောင်းလဲနေတယ်!") | |
Location of Wuhan City jurisdiction in Hubei | |
ကိုဩဒိနိတ်: 30°35′14″N 114°17′17″E | |
နိုင်ငံ | တရုတ်ပြည်သူ့သမ္မတနိုင်ငံ |
ပြည်နယ် | ဟူးပေ |
အခြေချနေထိုင်ခြင်း | ဘီစီ ၁၅၀၀ |
ပထမဆုံး ပေါင်းစည်းခြင်း | ၁၉၂၇၊ ဇန်နဝါရီ ၁ရက်[6] |
မြို့နယ်များ[6][7] နိုင်ငံအဆင့် မြို့နယ်အဆင့် | ခရိုင် ၁၃ ခု ခရိုင်ခွဲ ၁၅၆ ခု၊ မြို့တစ်မြို့၊ မြို့နယ် ၃ မြို့နယ် |
အစိုးရ | |
• ပါတီ အတွင်းရေးမှူး | Ma Guoqiang |
• မြို့တော်ဝန် | Zhou Xianwang (周先旺)[8] |
ဧရိယာ[9] | |
• ပရီဖက်ချာ အဆင့်နှင့် တွဲဖက်ပြည်နယ်မြို့တော် | ၈၄၉၄.၄၁ စတုရန်းကီလိုမီတာ (၃၂၇၉.၇၁ စတုရန်းမိုင်) |
• မြို့ပေါ် (2018)[10] | ၁,၅၂၈ စတုရန်းကီလိုမီတာ (၅၉၀ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့်[ကိုးကားချက်လိုသည်] | ၃၇ မီတာ (၁၂၁ ပေ) |
လူဦးရေ (2018) | |
• ပရီဖက်ချာ အဆင့်နှင့် တွဲဖက်ပြည်နယ်မြို့တော် | ၁၁၀၈၁၀၀၀[11] |
• မြို့ပေါ် (2018)[10] | ၈၈၉၆၉၀၀[11] |
• မြို့ပြကြီး[12] | ၁၉သန်း |
Demonym(s) | ဝူဟန်နိစ် |
ဘာသာစကားများ | |
• ဘာသာစကားများ | ဝူဟန်နယ်သုံးစကား၊ စံသတ်မှတ်ထားသော တရုတ်စကား |
အဓိက လူမျိုးစုများ | |
• အဓိက လူမျိုးစုများ | ဟန်လူမျိုးများ |
အချိန်ဇုန် | တရုတ်စံနှုန်းအချိန်ဇုန် (UTC+8) |
စာပို့သင်္ကေတ | 430000–430400 |
ဧရိယာကုဒ်(များ) | 0027 |
ISO 3166 ကုဒ် | CN-HB-01 |
ဂျီဒီပီ[13] | 2018 |
- စုစုပေါင်း | တရုတ်ယွမ် 1.485 trillion USD 224.28 billion (အဆင့် ၈]]) |
- လူတစ်ဦးချင်း | CNY 138,759 USD 20,960 (nominal) - 40,594 (purchasing power parity) (အဆင့် ၁၁) |
- တိုးတက်မှုနှုန်း | 8% (2018) |
ကားနံပါတ်ပြား | 鄂A 鄂O (ရဲနှင့် အာဏာပိုင်များ) |
မြို့တော် အထိမ်းအမှတ်သစ်ပင် | Metasequoia[14] |
မြို့တော် အထိမ်းအမှတ်ပန်း | Plum blossom[15] |
ဝက်ဘ်ဆိုဒ် | 武汉政府门户网站 (Wuhan Government Web Portal) English Wuhan (in English) |
ဝူဟန်ဆိုသော အမည်မှာ မြို့တော်၏ သမိုင်းဆိုင်ရာ ဇစ်မြစ်အရ ဝူချန်ခရိုင်၊ ဟန်ကိုးခရိုင်နှင့် ဟန်ယန်းခရိုင်တို့ကို ပေါင်းစပ်၍ ဝူဟန် ၃ မြို့ဟု သိရှိကြရာမှ အစပြုခြင်း ဖြစ်သည်။ ကျန်းဟန့်လွင်ပြင် အရှေ့ပိုင်းတွင် ရှိပြီး ယန်စီမြစ် နှင့် ၎င်း၏ အကြီးဆုံး မြစ်လက်တက် တစ်ခုဖြစ်သော ဟန်မြစ်တို့ ပေါင်းဆုံရာဒေသတွင် ရှိပြီး "တရုတ်ပြည် အဓိကလမ်းမကြီး"ဟု ခေါ်ဝေါ်ကြသည်။ [1]
ဝူဟန်မြို့၏ သမိုင်းကြောင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၃,၅၀၀ မှ စတင်သည်။ [19] ဝူဟန်မြို့တွင် ဖြစ်ပွားခဲ့သော သမိုင်းဝင် အဖြစ်အပျက်များတွင် ချင်မင်းဆက်အား ပြုတ်ကျစေခဲ့သော ဝူချန်ပုန်ကန်မှု နှင့် တရုတ်သမ္မတနိုင်ငံ ကို ထူထောင်ခြင်း တို့ ဖြစ်ကြသည်။[20]ဝူဟန်သည် ဝမ်ဂျင်းဝေ ဦးဆောင်သော လက်ဝဲယိမ်း ကူမင်တန် အစိုးရ လက်အောက် ၁၉၂၇ တွင် တရုတ်နိုင်ငံ၏ မြို့တော် ခဏမျှ ဖြစ်ခဲ့သည်။[21]ဒုတိယ အင်္ဂလိပ်-တရုတ် စစ်ပွဲအတွင်း ၁၉၃၇တွင် ၁၀လကြာမျှ တရုတ်နိုင်ငံ၏ စစ်အတွင်း မြို့တော် ဖြစ်ခဲ့သည်။ [22][23] ယဉ်ကျေးမှု တော်လှန်ရေး ကာလအတွင်း မြို့တော်ကို ထိန်းချုပ်ရန် အဖွဲ့နှစ်ခုကြား လက်နက်ကိုင် ပဋိပက္ခဖြစ်ခဲ့ခြင်းကို ဝူဟန် အဖြစ်အပျက်ဟု ခေါ်ဝေါ်ခဲ့ကြသည်။
ဝူဟန်သည် ယနေ့ခေတ်တွင် တရုတ်နိုင်ငံ အလယ်ပိုင်း၏ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှုနှင့် ပညာရေး ဆိုင်ရာ ဗဟိုဌာန အဖြစ် သတ်မှတ်ကြသည်။ [17] ၎င်းသည် အဓိက သယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အချာ နေရာဖြစ်ပြီး ဒါဇင်ပေါင်းများစွာသော ရထားလမ်းများ၊ ကားလမ်းများ အမြန်လမ်းများသည် မြို့တော်ကို ဖြတ်သန်းသွားကြပြီး အခြားသော အဓိက မြို့တော်များနှင့် ဆက်သွယ်ပေးထားသည်။ [24] ပြည်တွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် အဓိကကျသော နေရာမှ ပါဝင်၍ နိုင်ငံခြား စာနယ်ဇင်းများမှ တစ်ခါတစ်ရံ တရုတ်ပြည်၏ ရှီကာဂိုဟု ညွှန်းဆိုလေ့ ရှိကြသည်။ [3][4][5] ယန်ဇီမြစ်၏ "ရွှေရောင်မြစ်ကြောင်း" နှင့် ၎င်း၏ အကြီးဆုံး မြစ်လက်တက်ဖြစ်သော ဟန်မြစ်တို့သည် မြို့ပြဧရိယာကို ဖြတ်သန်းသွားပြီး ဝူဟန်အား ဝူချန်ခရိုင်၊ ဟန်ကိုးခရိုင်နှင့် ဟန်ယန်းခရိုင်တို့အဖြစ် ပိုင်းခြားထားသည်။ ဝူဟန် ယန်စီမြစ်ကူးတံတားသည် မြို့တော်အတွင်း ယန်စီမြစ်ကို ဖြတ်ကူး တည်ဆောက်ထားသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်သော မြစ်ကျဉ်းသုံးသွယ် ရေကာတာသည် အနီးအနားတွင် ရှိသည်။
ဝူဟန်သည် ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ရိုးရာ ကုန်ထုတ်လုပ်ရေး ဗဟိုဌာန အဖြစ် တည်ရှိခဲ့သော်လည်း ၎င်းသည် ယနေ့ခေတ် တရုတ်နိုင်ငံ၏ စက်မှု အပြောင်းအလဲများကို မြှင့်တင်နေသော ဒေသတစ်ခုလည်း ဖြစ်သည်။ ဝူဟန်တွင် နိုင်ငံတော်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဇုံ ၃ ခု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဒေသ ၄ ခု၊ နည်းပညာမြင့် ကုမ္ပဏီ ၁,၆၅၆ ခုအပြင် အမျိုးမျိုးသော အင်တာပရိုက်စ်တို့၏ လုပ်ငန်းအသစ် ပျိုးထောင်ပေးမှုများနှင့် ကမ္ဘာကျော် ဖော်ကျွန်း ၅၀၀ ကုမ္ပဏီ စာရင်းဝင် ကုမ္ပဏီ ၂၃၀ မှ ရင်းနှီးမြှုပ်နှံမှုများ ရှိသည်။[25]၂၀၁၈ ခုနှစ်တွင် ဂျီဒီပီ အနေနှင့် အမေရိကန်ဒေါ်လာ ၂၂၄ ဘီလီယံမျှ ပံ့ပိုးပေးနိုင်ခဲ့သည်။ မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော ဒေါင်ဖန်း မော်တော်ကား ကော်ပိုရေးရှင်းသည် ဝူဟန်တွင် ရုံးချုပ်ရှိသည်။ ဝူဟန်တွင် လူသိများထင်ရှားသော အဆင့်မြင့်ပညာကျောင်းများရှိပြီး ၂၀၁၇ တွင် တစ်နိုင်ငံလုံး တတိယအဆင့် သတ်မှတ်ခြင်း ခံခဲ့ရသော ဝူဟန်တက္ကသိုလ်လည်း ပါဝင်သည့်အပြင်[26] ဟွာကျောင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ် လည်း ရှိသည်။
သမိုင်းကြောင်းအရ ဝူဟန်မြို့သည် ရေကြီးမှုနှင့် တွေ့ကြုံခံစားခဲ့ရပြီး[27] ထို့အတွက်ကြောင့် အစိုးရမှ ထိုအခြေအနေကို ကုစားနိုင်ရန် ဂေဟစနစ်နှင့် ကိုက်ညီသော ရေစုပ်သည့် နည်းစနစ်ကို မိတ်ဆက်ပေးခဲ့ရသည်။[28] ဝူဟန်းအားကစားရုံသည် ၂၀၁၁ ခုနှစ် ဖီဘာအာရှဖလား ဘတ်စကက်ဘောပြိုင်ပွဲကို အိမ်ရှင် အဖြစ်လက်ခံကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ် ဖီဘာ ကမ္ဘာ့ဖလား ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပရာ နေရာ တစ်ခုလည်း ဖြစ်သည်။ [29] ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်မှ ၂၇ ရက်အထိ ကမ္ဘာ့ စစ်တပ်နှင့် ပတ်သက်သော ပြိုင်ပွဲကို ဝူဟန်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ [30] ၂၀၁၇ တွင် ဝူဟန်အား ယူနက်စကိုမှ ဒီဇိုင်းကဏ္ဍတွင် တီထွင်ဆန်းသစ်မှုမြို့တော် အဖြစ် သတ်မှတ်ပေးခဲ့သည်။[31] ဝူဟန်အား လွှမ်းခြုံဆက်စပ်နေသာ ကမ္ဘာ နှင့် ကမ္ဘာ့မြို့တော် သုတေသန ကွန်ယက်အဖွဲ့မှ ဘီတာကမ္ဘာ့မြို့တော် အဖြစ် အဆင့်သတ်မှတ်ထားခဲ့သည်။