ဟိုရာဒမ်ဘယ်
From Wikipedia, the free encyclopedia
ဟိုရာဒမ်ဘယ် သည် အီသီယိုးပီးယားနိုင်ငံတွင်တည်ရှိပြီး ရစ်လွင်ပြင်ဒေသကန်များတွင် ပါဝင်သည့် သန့်ရှင်းကြည်လင်သည့် ကန်တစ်ခု ဖြစ်သည်။[1] ၎င်းကန်သည် အက်ဒစ်အဘာဘာမြို့ ( Addis Ababa) ၏ တောင်ဘက် မိုင် ၁၀၀ ခန့်အကွာတွင် တည်ရှိသည်။ ကန်သည် အိုရိုမိယဒေသနှင့် နိုင်ငံတောင်ပိုင်းဒေသအကြားတွင် တည်ရှိသည်။ ဘတုမြို့သည် ကန်၏ အနောက်ဘက်ကမ်းခြေတွင် တည်ရှိသည်။ ကန်အတွင်းသို့ မီကိမြစ်သည် အနောက်ဘက်မှ လည်းကောင်း၊ ကတာမြစ်သည် အရှေ့ဘက်မှလည်းကောင်း ရေးများစီးဝင်သည်။ ကန်၏ ရေနက်ဧရိယာသည် ဧရိယာ ၇၀၂၅ စတုရန်းကီလိုမီတာ ရှိသည်။[2]
ဟိုရာဒမ်ဘယ် | |
---|---|
ကိုဩဒိနိတ် | 8°00′N 38°50′E |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Ethiopia |
အကျယ်ဆုံး အလျား | ၃၁ km (၁၉ mi) |
အကျယ်ဆုံး အနံ | ၂၀ km (၁၂ mi) |
မျက်နှာပြင် ဧရိယာ | ၄၄၀ km2 (၁၇၀ sq mi) |
အနက်ဆုံး အနက်အရှိုင်း | ၈.၉ m (၂၉ ft) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁,၆၃၆ m (၅,၃၆၇ ft) |
ကျွန်းများ | 5 (Debre Sina, Galila, Funduro, Tsedecha, Tulu Gudo) |
အနီးရှိမြို့များ | Ziway |
ဟိုရာဒမ်ဘယ်သည် အရှည် ၃၁ ကီလိုမီတာ၊ အကျယ် ၂၀ ကီလိုမီတာ၊ မျက်နှာပြင်ဧရိယာ ၄၄၀ ကီလိုမီတာ ရှိသည်။ အမြင့်ဆုံးအနက်သည် ၉ ကီလိုမီတာရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၆၃၆ မီတာတွင် တည်ရှိသည်။ [3][4]၁၉၆၇-၆၈ အီသီယိုးပီးယားအချက်အလက်များအရ ဇိဝေကန်၏ အရှည်သည် ၂၅ ကီလိုမီတာ၊ အကျယ် ၂၀ ကီလိုမီတာ၊ မျက်နှာပြင် ဧရိယာသည် ၄၃၄ စတုရန်းကီလိုမီတာ ရှိသည်ဟု ဆိုသည်။ ကန်၏ အမြင့်ဆုံးအနက်သည် ၄ မီတာရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၈၄၆ မီတာတွင် တည်ရှိသည်။ ကန်တွင် ကျွန်းငါးခုပါဝင်ပြီး ၎င်းတို့မှာ Debre Sina, Galila, Funduro, Tsedecha နှင့် Tulu Gudo တို့ ဖြစ်ကြသည်။ [5]