အက်ရှ်ဂါဘတ်မြို့
တာ့ခ်မင်နစ္စတန်နိုင်ငံ၏ မြို့တော် / From Wikipedia, the free encyclopedia
အက်ရှ်ဂါဘတ်မြို့ (Turkmen: Aşgabat, တမ်းပလိတ်:IPA-tk[2]) — formerly named Poltoratsk (ရုရှား: Полтора́цк, IPA: [pəltɐˈratsk]) သည် ဗဟိုအာရှဒေသရှိ ကာရာကွမ်း သဲကန္တာရ (Karakum Desert)နှင့် ကာပတ်ဒါ့ဂ်တောင်တန်း (Kopet Dag mountain range) တို့အကြားတွင် တည်ရှိပြီး တာ့ခ်မင်နစ္စတန်နိုင်ငံ၏ မြို့တော်ဖြစ်သည်။
အချက်တိုများ အက်ရှ်ဂါဘတ်Aşgabat/Ашгабат (တာ့ခ်မန်ဘာသာ) Poltoratsk (၁၉၁၉–၁၉၂၇), နိုင်ငံ ...
အက်ရှ်ဂါဘတ် Aşgabat/Ашгабат (တာ့ခ်မန်ဘာသာ) Poltoratsk (၁၉၁၉–၁၉၂၇) | |||
---|---|---|---|
| |||
တာ့ခ်မင်နစ္စတန်နိုင်ငံရှိ အက်ရှ်ဂါဘတ်၏ တည်နေရာ | |||
ကိုဩဒိနိတ်: 37°56′N 58°22′E | |||
နိုင်ငံ | တာ့ခ်မင်နစ္စတန် | ||
တည်ထောင်ခဲ့ | ၁၈၈၁ ခုနှစ် | ||
အစိုးရ | |||
• အမျိုးအစား | Presidential[ကိုးကားချက်လိုသည်] | ||
• မြို့တော်ဝန် | Shamuhammet Durdylyýew[1] | ||
ဧရိယာ | |||
• စုစုပေါင်း | ၄၄၀ စတုရန်းကီလိုမီတာ (၁၇၀ စတုရန်းမိုင်) | ||
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂၁၉ မီတာ (၇၁၉ ပေ) | ||
လူဦးရေ (၂၀၁၂) | |||
• စုစုပေါင်း | ၁၀၃၁၉၉၂ | ||
• သိပ်သည်းမှု | ၂၃၀၀/km၂ (၆၁၀၀/sq mi) | ||
စာတိုက်ကုဒ် | 744000–744040 | ||
ဧရိယာကုဒ်(များ) | (+993) 12 | ||
ယာဉ်မှတ်ပုံတင် | AG | ||
ဝက်ဘ်ဆိုဒ် | www.ashgabat.gov.tm |
ပိတ်ရန်
၁၈၈၁ ခုနှစ်တွင် မြို့အား တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၂၄ ခုနှစ်တွင် တာ့မန် ဆိုဗီယက် ဆိုရှယ်လစ်နိုင်ငံ၏ မြို့တစ်မြို့ဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အက်ရှ်ဂါဘတ်ငလျင်ကြောင့် မြို့တော်ရှိ နေရာအတော်များများမှာ ပျက်ဆီးခဲ့ပြီး သမ္မတ ဆာပါမူရတ် နီယာဇော့ဗ်လက်ထက်တွင် မြို့တော်အား တဖန်ပြန်လည် မွမ်းမံခဲ့သည်။[3] အာမူးမြစ်မှ သွယ်ယူ၍ထားသော ကာရာကွမ်းတူးမြောင်းသည် အရှေ့မှ အနောက်သို့ မြို့တော်အား ဖြတ်သန်း၍ စီးဆင်းလျက်ရှိသည်။[4]